တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး(၆၃၄)တုံး ဖမ်းဆီးရမိ


၂၀၁၈ ခုနှစ်၊ မေလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ကချင်ပြည်နယ်၊ ကာမိုင်းမြို့၊ နန့်တိန်း စစ်ဆေးရေးဂိတ်၌ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး(၆၃၄)တုံး ဖမ်းဆီးရမိကြောင်း သိရပါသည်။

အဆိုပါ ကျောက်စိမ်းတုံးများအား နယ်မြေခံတပ်မှ တပ်မတော်သားများသည် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ် ဖားကန့်မြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်နေ ကိုကိုသန့် (၃၄)နှစ်မောင်းနှင်လာသော 6M/×××× SKAT အပြာရောင်(၆)ဘီးယာဉ်အား ရပ်တန့်ရှာဖွေခဲ့ရာမှ ဖမ်းဆီးမိခြင်းဖြစ်သည်။

ယာဉ်အတွင်း သိုဝှက်၍ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး(၆၃၄)တုံး (၁၀၀၀) ကီလိုဂရမ်ခန့် တွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် ကိုကိုသန့် အား ကာမိုင်းနယ်မြေရဲစခန်း (ပ)၁၃/ ၂၀၁၈၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၄၂(က)ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်မှုအရ သိရပါသည်။

သစ်ထူးလွင်
တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး(၆၃၄)တုံး ဖမ်းဆီးရမိ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး(၆၃၄)တုံး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.