![]() |
အစိုးရတာဝန်ရှိသူများ စီးနင်းသည့် ကား |
အင်ဂျန်းယန်မြို့နယ်ရှိ စစ်ရှောင်များကို သွားရောက်တွေ့ဆုံမည့် အစိုးရအဖွဲ့နဲ့ အတူလိုက်ပါလာသော သတင်းမီဒီယာ များကို လမ်းခုလတ် တွင် တာဝန်ရှိသူများက တားဆီးခဲ့ပါသည်။
အစိုးရစီစဉ်မှုဖြင့် သတင်းသမားများသည် ယနေ့ မနက် ၈ နာရီ ခွဲခန့်မှ စတင်ပြီး စုပေါင်းရုံးမှ စတင်ထွက်လာခဲ့ရာ နောင်းနန်ကျေးရွာ ၈ မိုင် အရောက်တွင် ခရီးစဉ် တာဝန်ရှိသူတစ်ဦး ခရိုင်အုပ်ချုပ်ရေးမှူး ဦး ခေါင်လဒီး က တားမြစ်ခဲ့ခြင်း ဖြစ်ပါသည်။
“အဆင်ပြေမယ်ဆိုရင် ခင်ဗျားတို့နဲ့ အတူစုပြီး သွားမလိုပါဘဲ။ ဒါပေမယ့် အခု အဆင်မပြေလို့နော်” ဟု မီဒီယာအဖွဲ့များကို ပြောခဲ့သည်။
![]() |
စစ်ပြေး ဒုက္ခသည်များထံ သတင်းသွားယူခွင့် ပိတ်ခံရသည့်အတွက် သုံးဘိန်းဖြင့် ပြန်ခေါက်ခဲ့ရ။ |
တားဆီးခံလိုက်ရသော သတင်းဌာနများတွင် ကချင်သတင်းဌာန KNG ၊ မြစ်ကြီးနား သတင်းဂျာနယ်၊ The Kachin Time ၊ Eleven နှင့် DVB တို့ဖြစ်ကြပါသည်။
လက်ရှိ အင်ဂျန်းယန် မြို့နယ်အတွင်း စစ်ရှာင် ပြည်သူ ၆၀၀ ခန့် ရှိနေပြီး ထိုသူတို့၏ သွားလာခွင့် နှင့် အလုပ်လုပ်ကိုင်ခွင့်များကိုပင် တပ်မတော်စစ်သားများက တားဆီးမှုရှိနေသဖြင့် ဒေသခံများ စိုးရိမ်နေကြောင်း လွတ်တော်ကိုယ်စားလှယ်များမှ သိရပါသည်။
![]() |
ခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လဒီး |
![]() |
စစ်ပြေးဒုက္ခသည်များ |
Kachin News Group
https://www.facebook.com/theKachinNews
အင်ဂျန်းယန်မြို့နယ်သို့ စစ်ပြေးဒုက္ခသည်များထံ သတင်းသွားယူမယ့် မီဒီယာအဖွဲ့များ တားဆီးခံရ
Reviewed by THITHTOOLWIN
on
11:10
Rating:
