ဝက်လက်မြို့နယ်၊ မကျီးဖြူကျေးရွာတွင် ထမင်းအိုးတည်ရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား


ဝက်လက် မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေစခန်းအပိုင်၊ မကျီးဖြူကျေးရွာတွင် ဦးသိုက်နေအိမ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာမှ အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကျီးဖြူကျေးရွာနေ ဦးသိုက်၏ နေအိမ်၌ မေ ၁၀ ညနေ 4 နာရီ မိနစ် ၃၀ က ထမင်းအိုးတည်ရာမှ ထရံကို မီးကူးစက်လောင်ကျွမ်းခဲ့ရာ ၎င်း၏ ခြေတံရှည်တစ်ထပ်၊ ထရံကာ၊ ထန်းရွက်မိုးနေအိမ် မီးလောင်ကျွမ်းခဲ့ရာမှ ထိုမှတစ်ဆင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်(၂၈)လုံးနှင့် နွားစာတိုက် (၁၄)လုံးများသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာနေရာသို့ စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်ကြီးကြပ်ကွပ်ကဲပြီး ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး၊ ဝက်လက်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ဝက်လက်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ဝက်လက်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက မီးငြိမ်းသတ်ယာဉ်(၇)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် ညနေ ၁၈ နာရီ မိနစ် ၂၅ တွင် မီးငြိမ်းသွားခဲ့ပြီး လူများထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော်လည်း နွားမ(၁)ကောင်သေဆုံးမှုရှိကြောင်း ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးနိုင်လင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ ဦးသိုက်(ဘ)ဦးလှထွန်း၊ မကျီးဖြူကျေးရွာ၊ ဝက်လက်မြို့နယ်နေသူကို ရွှေပန်းကုံးနယ်မြေစခန်း ဒုရဲအုပ် ဇော်မင်းသူက အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ပြန်/ဆက်(ဝက်လက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဝက်လက်မြို့နယ်၊ မကျီးဖြူကျေးရွာတွင် ထမင်းအိုးတည်ရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား ဝက်လက်မြို့နယ်၊ မကျီးဖြူကျေးရွာတွင် ထမင်းအိုးတည်ရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:43 Rating: 5
Powered by Blogger.