ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရန်ကုန်-စစ်တွေကားလမ်းတွင် လမ်းချော်မှုများကြောင့် လမ်းခရီးကြန့်ကြာနေ


ရခိုင်ပြည်နယ်အနှံ့ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မေ ၃၀ နှင့် ၃၁ ရက်များက ရန်ကုန်-စစ်တွေ ကားလမ်းတလျှောက်ရှိ ပုဏ္ဏားကျွန်းနှင့် အမ်းမြို့နယ်များတွင် လမ်းပိတ်ဆို့မှုများနှင့် လမ်းချော်မှုများဖြစ်ပွားပြီး လမ်းခရီးကြန့်ကြာနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မုန်တိုင်းအရှိန်ကြောင့် မေ ၂၈ ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းနေပြီး ကားလမ်းပေါ်သို့ ရေကျော်နေ ကာ မေ ၃၀ ရက်က အမ်းမြို့နယ်၊ မီးလောင်ချောင်းကျေးရွာအနီးနှင့် မေ ၃၁ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာနှင့် ကြံခင်းကျေးရွာ အကြား လမ်းလွှဲနေရာတို့ရှိ ရန်ကုန်-စစ်တွေကားလမ်းတွင် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“စစ်တွေကနေ မနက်ကတည်းက(မေ ၃၁ ရက်)ထွက်တဲ့ကားက ခုချိန်ထိ ပုဏ္ဏားကျွန်းမြို့နယ်ကို မကျော်နိုင် သေးဘူး။ လမ်းလွှဲလုပ်ထားတဲ့နေရာမှာ ရေကျော်ပြီး ခရီးသည်တင်ကားတစ်စီးက နစ်နေတယ်။ ကားအစီး (၂၀၀)လောက် လမ်းပိတ်ဆို့တာကြောင့် ရပ်နေရတယ်။ အခု အဲဒီပိတ်နေတဲ့ကားကို ဖယ်နေကြတယ်။”ဟု ခရီးသည် ကိုကျော်မင်းကပြောသည်။

ရန်ကုန်-စစ်တွေကားလမ်း၊ အမ်းမြို့နယ်အတွင်းရှိ လမ်းပိုင်း(၅)နေရာခန့်မှာ သွားလာရ ခက်ခဲနေပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားသည့်နေရာများတွင် အနည်းဆုံး ကားအစီး(၁၀၀)ခန့်မှာ ပိတ်မိနေကြောင်း ယာဉ်မောင်း များထံမှ သိရသည်။လမ်းပိတ်ဆို့မှုဖြစ်ပွားသော နေရာများတွင် ငါး၊ ပုစွန်၊ ကဏန်းများတင်ဆောင်လာသော ကားများလည်း ပါဝင် သဖြင့် အချိန်ကြန့်ကြာမှုများကြောင့် ကုန်ပစ္စည်းများ ပျက်စီးကာ ဒေသခံများ နစ်နာဆုံးရှုံးမှုများမည်ဖြစ်ကြောင်း သိရသည်။

"မနေ့က အမ်းမြို့နယ်၊ ဒီနေ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ လမ်းပိတ်ဆိုမှုဖြစ်နေတယ်။ အမ်းမြို့နယ်ထဲက တောင် ပေါ်လမ်းမှာ ရွှံ့နွံတွေနဲ့ လမ်းချော်နေတယ်။ တော်တော်လေး အန္တရာယ်များနေတယ်။"ဟု ကစ္ဆပ ခရီးသည်တင် ယာဉ်လိုင်းမှ ဂိတ်မှူး ဦးစံထွေးအောင်က ပြောသည်။

 နေ့စဉ်လိုလို ခရီးသွားနေကြသည့် ကားသမားများနှင့် ခရီးသည်များအနေဖြင့် ရန်ကုန်-စစ်တွေလမ်းကို ရာသီမ ရွေးသွားလာ၍ရသော အဆင့်မြင့်လမ်းတစ်ခု ဖြစ်စေလိုကြပြီး လက်ရှိတွင် မိုးရာသီရောက်တိုင်း လမ်းပိတ်ဆို့မှု များကြောင့် သွားလာရခက်ခဲနေကြကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရန်ကုန်-စစ်တွေကားလမ်းတွင် လမ်းချော်မှုများကြောင့် လမ်းခရီးကြန့်ကြာနေ ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရန်ကုန်-စစ်တွေကားလမ်းတွင် လမ်းချော်မှုများကြောင့် လမ်းခရီးကြန့်ကြာနေ Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.