တာချီလိတ် မေ ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မော်တော်ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ တာချီလိတ်မြို့အထွက် ဟွေခိုက်အကွေ့၌ မေ ၂၀ ရက်၊ ညနေပိုင်းက တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတစ်ဦး အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူအမျိုးသမီးမှာ တာချီလိတ်မြို့အထွက် ဧဒင်ကျေးရွာနေ ဒေါ်ဝင်း အသက် ၅၀ နှစ်ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး မော်တော်ယာဉ်ကို မဆင်မခြင်မောင်းနှင်၍ လူတစ်ဦးသေဆုံးသည်အထိ တိုက်မိကာ ယာဉ်နှင့်အတူ မောင်းနှင်ထွက်ပြေးသွားသူအား တာချီလိတ်မြို့မရဲစခန်းက အမြန်ဆုံး ဖမ်းမိရေး အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာချီလိတ်မြို့၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးသေဆုံး
Reviewed by THITHTOOLWIN
on
20:18
Rating:
