ဆီမီးပူဇော်ရာမှ ဘုန်းကြီးကျောင်းဆောင်မီးလောင်မှု ကျောက်ကြီးမြို့နယ်တွင် ဖြစ်ပွား


ကျောက်ကြီး မေ ၁၇

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မွေတွင်းကျေးရွာအုပ်စု ကျွန်းတော ကျေးရွာရှိ ကျွန်းတောဘုရားကြီးကျောင်း ၌ မေ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားကြောင်းသိရ၍ ကျွန်းတောကျေးရွာ ဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ နံနက် ၇ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားရခြင်းမှာ မွေတွင်း ကျေးရွာအုပ်စု ကျွန်းတောကျေးရွာ၏ အနောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ အုတ်စီ၊ ပျဉ်ထောင်ကာ၊ သွပ်မိုး နှစ်ထပ် ကျောင်းဆောင်အပေါ်တွင် အခန်းနေ ဆရာတော် ဦးသောမ သက်တော် (၈၂ နှစ်) ဝါတော်(၇)ဝါသည် နံနက် ၄ နာရီခွဲ ခန့်ကကျောင်းဆောင်အပေါ်ထပ်ရှိ ဘုရား ကျောင်းဆောင်အပေါ်တွင် ဖယောင်း တိုင်ဆီမီးသုံးတိုင်ပူဇော်ခဲ့ကာ ကျောင်း ဆောင်နှင့် ကိုက်၂ဝ ခန့်ဝေးကွာသည့် ဘုရားကြီးကျောင်းဆောင်ဝန်းအတွင်း တရားသွားထိုင်နေခဲ့ပြီး ပြန်ထွက်လာစဉ် မီးပူဇော်ထားသည့် ကျောင်းဆောင်မှာ မီးလောင်ကျွမ်းနေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်းသိရ၍ မုန်းနယ်မြေရဲစခန်း က ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆီမီးပူဇော်ရာမှ ဘုန်းကြီးကျောင်းဆောင်မီးလောင်မှု ကျောက်ကြီးမြို့နယ်တွင် ဖြစ်ပွား ဆီမီးပူဇော်ရာမှ ဘုန်းကြီးကျောင်းဆောင်မီးလောင်မှု ကျောက်ကြီးမြို့နယ်တွင် ဖြစ်ပွား Reviewed by THITHTOOLWIN on 09:21 Rating: 5
Powered by Blogger.