ဘင်္ဂလားဒေ့ရှ် မှုးယစ်ဆေးစီမံချက် ၁၀ ရက် အတွင်း ၅၂ ဦးသေ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှာ မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံချက် စတင်ခဲ့တဲ့ ၁၀ ရက်အတွင်း သေဆုံးသူ ၅၂-ဦးရှိသွား ပြီး ကြာသပတေးနေ့က သေဆုံးသူ ၉-ဦးဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ဒီနေ့ သေဆုံးသူတွေဟာ Margura မြို့မှာ မူးယစ်ဆေးဂိုဏ်းအချင်းချင်း ပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှုးကပြောပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့ ရက်တွေအတွင်း Feni နဲ့ Comilla မြို့တို့မှာ လေးဦး၊ အရင်အပတ်က သုံးဦးသေဆုံးခဲ့တယ်လို့ ရဲကပြောပါတယ်။

ဒီလို သေဆုံးရတာတွေဟာ ဥပဒေကို ကျော်လွန် ဆောင်ရွက် မှုဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတိုက်အခံပါတီက မှုးယစ်ဆေးဝါး တိုက်ဖျက်တာကို ကြိုဆိုပေမဲ့ သေဆုံးသူတွေထဲမှာ အစိုးရကိုအတိုက်အခံ လုပ်သူတွေပါတယ်လို့ ကျောင်းသား တက်ကြွလှုပ်ရှားသူ တဦးသေဆုံးခဲ့ရတာကို ရည်ညွှန်းပြီးပြောဆိုပါတယ်။

အလားတူပဲ ဗုဒ္ဓဟူးနေ့က စစ်တကောင်းမှာ သေဆုံးသူတဦးရဲ့ သားနဲ့သမီးက ရဲတပ်ဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို ရာဘ လို့ခေါ်တဲ့ စိတ်ကြွဆေးတွေဟာ မြန်မာနိုင်ငံဘက်က အဓိက ၀င်ရောက်လာတာဖြစ်ပြီး၊ မနှစ်က သန်း ၄၀-ကျော် စံချိန်တင်ဖမ်းစီးရမိခဲ့ပါတယ်။ ဒါပေမဲ့ဈေးကွက်အတွင်းဝင်ရောက်လာတဲ့ စိတ်ကြွဆေးစုစုပေါင်းက သန်း၂၅၀ကနေ သန်း၃၀၀လောက်အထိဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဘင်္ဂလားဒေ့ရှ် မှုးယစ်ဆေးစီမံချက် ၁၀ ရက် အတွင်း ၅၂ ဦးသေ ဘင်္ဂလားဒေ့ရှ် မှုးယစ်ဆေးစီမံချက် ၁၀ ရက် အတွင်း ၅၂ ဦးသေ Reviewed by THITHTOOLWIN on 08:54 Rating: 5
Powered by Blogger.