အာရှလမ်း နတ်စင်ကွေ့အနီး ခရီးသည် ၁၅ဦး တင်ဆောင်လာသော ယာဉ်တစ်စီး မီးလောင်


ဘားအံ - မေ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကော့ကရိတ်-မြဝတီသွားကားလမ်း အာရှလမ်းမကြီး၊ကီလိုမီတာ၁၅၄နှင့်၁၅၅အကြား၊နတ်စင်ကွေ့အနီး အရောက်တွင်မေလ ၂၁ရက် နံနက်၎နာရီအချိန့်ခန့်က ယာဉ်တစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကော့ကရိတ်ဘက်မှမြဝတီဘင်သို့ ယာဉ်မောင်းသိန်းအေး၊ ၄၃နှစ်၊မေတ္တာလင်းမြိုင်ကျေးရွာ၊အမှတ်(၃)ရပ်ကွက်၊ မြဝတီမြို့နေသူမောင်းနှင်သည့် BB/---- ယာဉ်သည် ခရီးသည် ကျား(၁၅)ဦးအား တင်ဆောင်၍ အာရှလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ကီလိုမီတာ ၁၅၄နှင့် ၁၅၅အကြား၊နတ်စင်ကွေ့ အနီးအရောက်ယာဉ်၏ ခေါင်းခန်းတွင် ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းစဉ် ယာဉ်ပေါ်ပါခရီးသည်များအားလုံး အချိန်မီဆင်းနိုင်ခဲ့၍ ထိခိုက်မှုတစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

အဆိုပါ ကားမီးလောင်မှုအားကော့ကရိတ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦး၊အမှတ်(၇၁)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်ရဲအုပ် သန်းနိုင်ရွှေ ဦးစီးအဖွဲ့၊ကော့ကရိတ်မြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ် ဝေလင်းဦးတို့သည် အတူသွားရောက်စစ်ဆေးခဲ့ရာ မီးလောင်သည့် ယာဉ်အား ခရီးသည်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ယာဉ်တစ်စီးဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်းနှင့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်း သိန်းအေးအား ကော့ကရိတ်မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

နေမျိုးလွင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အာရှလမ်း နတ်စင်ကွေ့အနီး ခရီးသည် ၁၅ဦး တင်ဆောင်လာသော ယာဉ်တစ်စီး မီးလောင် အာရှလမ်း နတ်စင်ကွေ့အနီး ခရီးသည် ၁၅ဦး တင်ဆောင်လာသော ယာဉ်တစ်စီး မီးလောင် Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.