အရပ်ဖက်အဖွဲ့တွေ ခွင့်ပြုချက်ယူရမည်လို့ အမိန့်ထုတ်ပြန်

မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့ဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်/ Photo: RFA
မွန်ပြည်နယ်မှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်မယ်ဆိုရင် မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ ၁ဝ ရက်ကြိုတင်အကြောင်းကြားကာ ခွင့်ပြုမိန့် ယူရမယ်လို့ အမိန့်စာထုတ်ပြန်လိုက်တာဟာ ပြည်သူတင်တဲ့ အစိုးရက အာဏာရှင်စနစ်ကို ကျင့်သုံးနေသလားဆိုပြီး မေးခွန်ထုတ်စရာဖြစ်လာတယ်လို့ မွန်ြ့ပည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့က ပြောပါတယ်။

ခွင့်ပြုမိန့်ရမှသာ မိုတယ်၊ ဟိုတယ်တွေက ပြုလုပ်ခွင့်ပေးဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့က မနေ့က ရက်စွဲနဲ့ အမိန့်စာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အဲဒီထုတ်ပြန်ချက်အပေါ် သဘောထားကို မေးမြန်းရာမှာ မွန်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ရက် အဖွဲ့ဝင် ကိုထွန်းအောင်က အခုလို ပြောပါတယ်။

"သူတို့က ခွင့်ပြုချက်အနေနဲ့တောင်းခံဖို့ ၁ဝ ရက်ကြိုတင်ပေးရန်ဆိုတဲ့ဟာလေး ထွက်လာတယ်၊ ပြည်သူလူထု တင်ထားတဲ့ ပြည်သူ့အစိုးရက အာဏာရှင်စနစ်ကိုပိုပြီးတော့ သွားတဲ့ပုံစံမျိုးကို ပိုကျင့်သုံးနေသလားဆိုတာကို တွေ့ရတယ်၊ တကယ့်တကယ် ပြည်သူတွေရဲ့လွတ်လပ်ခွင့်တွေ၊ ပြည်သူလုပ်ပိုင်ခွင့်တွေ၊ ပြည်သူတွေရရှိနိုင်တဲ့ အခွင့်အရေးတွေ ဘာတခုမှ ပိုမိုကောင်းမွန်အောင် ဖြေလျော့တာမဟုတ်ဘဲနဲ့ ထိန်းချုပ်ကိုင်တွယ် ဖြေရှင်းမယ့် ပုံစံမျိုးတွေ၊ အကြောက်တရားတွေ ရိုက်သွင်းတဲ့ပုံစံမျိုးတွေက ပိုမိုများပြားလာတာကိုတွေ့ရပါတယ်"

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးပြုလုပ်တဲ့ မွန်ပြည်နယ်လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးမှာ မော်လမြိုင်မြို့နယ်အတွင်းမှာရှိတဲ့ ဟိုတယ်တွေမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အလုပ်ရုံဆွေးနွေး ပွဲတွေ ကျင်းပပြုလုပ်မယ်ဆိုရင် ပြုလုပ်မည့်အကြောင်းအရာ၊ အဖွဲ့အစည်း၊ ပြုလုပ်မယ့်အချိန်နေရာတွေကို မြို့နယ်ထွေအုပ်ရုံးမှာ ၁ဝ ရက်ကြိုတင်ပြကာ ခွင့်ပြုမိန့်ရမှာ ဆောင်ရွက်ဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး လက်မှတ်နဲ့ မနေ့က ထုတ်ပြန်လိုက်တာပါ။

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးကို အတည်ပြုဖို့ ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ၂ဝ၁၃ ခုနှစ်က ပွဲခွင့်ပြုမိန့်ရဖို့အတွက် အကြောင်းကြားစာသာ ပေးပို့ခဲ့ရပြီး နောက်ပိုင်းပေးပို့ရတာ မရှိခဲ့ပါဘူး။

RFA Burmese
https://www.rfa.org/burmese
အရပ်ဖက်အဖွဲ့တွေ ခွင့်ပြုချက်ယူရမည်လို့ အမိန့်ထုတ်ပြန် အရပ်ဖက်အဖွဲ့တွေ ခွင့်ပြုချက်ယူရမည်လို့ အမိန့်ထုတ်ပြန် Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.