![]() |
စီအိုင်အေ ဝါရင့် မစ္စဟက်စ်ပယ်လ် |
စီအိုင်အေ ဝါရင့်အမှုထမ်း ဂျီးနာ ဟက်စ်ပယ်လ်ကို အေဂျင်စီရဲ့ ညွှန်ကြားရေးမှူး အဖြစ် အမေရိကန် ဆီးနိတ်လွှတ်တော်က အတည်ပြုပေး လိုက်ပါတယ်။
မစ္စဟက်စ်ပယ်လ်ဟာ ဆီးနိတ်ရဲ့ သဘောတူမှုကို အလွယ်တကူ ရခဲ့တာတော့ မဟုတ်ပါဘူး။
စီအိုင်အေ အနေနဲ့ မသင်္ကာသူကို စစ်မေးတဲ့ အခါ ကြမ်းကြုတ်ရက်စက်တဲ့ နည်းတွေသုံးပြီး စစ်မေးခဲ့တယ် ဆိုတဲ့ နာမည်ပျက် သမိုင်းထဲ မစ္စဟက်စ်ပယ်လ်လည်း ပါဝင် ပတ်သက် ခဲ့ပါတယ်။
ဒါ့ကြောင့် ဆီးနိတ်ထဲ ကန့်ကွက်မဲ ၄၃ မဲ အထိ ရှိခဲ့ပါတယ်။
![]() |
နှိပ်စက်တဲ့ လျှို့ဝှက် အကျဉ်းစခန်းတစ်ခုကို ဦးစီးခဲ့သူ |
အမေရိကန် အပြင်ဘက် ထားရှိတဲ့ စီအိုင်အေရဲ့ လျှို့ဝှက် အကျဉ်းထောင်တွေ ထဲက တစ်ခုကို မစ္စ ဟက်စ်ပယ်လ် တာဝန်ယူ ဦးစီး ခဲ့ပြီး၊ အဲဒီ နေရာမျိုးတွေမှာ ဖမ်းဆီးထားသူကို ရေမွန်းအောင် လုပ်ပြီး စစ်မေးနည်း water boarding နည်းလမ်းကို စီအိုင်အေ အသုံးပြု ခဲ့တာ ဖြစ်ပါတယ်။
ညှင်းပမ်းနှိပ်စက်တဲ့ နည်းလမ်းတွေကို စီအိုင်အေ အသုံးပြုခြင်း မရှိတော့ဘူးလို့ မစ္စ ဟက်စ်ပယ်လ်က ထွက်ဆို ထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဟက်စ်ပယ်လ်ကို စီအိုင်အေ အကြီးအကဲ အဖြစ် ဆီးနိတ် အတည်ပြု
Reviewed by THITHTOOLWIN
on
09:21
Rating:
