မိတ္ထီလာကျေးရွာနှစ်ရွာမှ ဒေသခံ ခြောက်ဦး ထောင့်သန်းရောဂါကူးဟု ယူဆရသည့် ရောဂါပိုးကူးစက်ခံရ၍ ဆေးကုသမှုခံယူနေရ


မိတ္ထီလာ မေ ၁၉

ထောင့်သန်းရောဂါဟု ယူဆရသည့် ရောဂါဖြင့် သေဆုံးသွားသည့် နွား၏အသားကို ကိုင်တွယ်ခြင်းနှင့် စားသုံးခြင်းတို့ကြောင့် မိတ္ထီလာမြို့နယ် ဇရပ်ကုန်းကျေးရွာအုပ်စု ရွာတန်း ကျေးရွာမှ ဒေသခံ ငါးဦးနှင့်အုံတုံ ကျေးရွာမှဒေသခံတစ်ဦးတို့ မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ကူးစက်ရောဂါကုသဆောင်၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၁၇ ရက်နေ့က ရွာတန်းကျေးရွာတွင် ထောင့်သန်းရောဂါဟု ယူဆရသည့် ရောဂါဖြင့်သေဆုံး သွားသည့် နွား၏ အသားများကို ကိုင်တွယ်ခြင်းနှင့် စားသုံးမိခြင်းတို့ကြောင့် ယင်းကျေးရွာနေ ဦးကြည် ဆောင် (၈၅နှစ်)၊ ဦးမော်စီလုံး (ခ) ဦးဝင်းမောင် (၅၉ နှစ်)၊ ဦးသန်းလွင် (၃၆နှစ်)၊ ဦးပြည့်စုံ (၃၅နှစ်)၊ ဒေါ်လှမေ (၅၅နှစ်) တို့သည် ထောင့်သန်းရောဂါ ကူးစက်ခံရသဖြင့် ခရိုင်ပြည်သူ့ဆေးရုံးကြီးရှိ တက်ရောက်ကာ ဆေးကုသမှု ခံယူနေကြရသည်။

ယင်းကျေးရွာနေ ဒေသခံများအား ထောင့်သန်း ရောဂါပိုး ထပ်မံကူးစက်ခံရမှုမရှိစေရေးအတွက် တာဝန် ရှိသူများ၏ ဦးဆောင်မှုဖြင့် ဦးမြင့်ထွန်း (ကြီးကြပ် ရေးမှူး-၁) နှင့် ကျန်းမာရေးဝန်ထမ်းများအဖွဲ့သည် ယင်းကျေးရွာရှိ ဦးကျော်ရွှေ၏နေအိမ်တွင် ယာယီဆေး ခန်း ဖွင့်လှစ်ထားရှိပြီး ကျေးရွာရှိ အိမ်ထောင်စု ၃၈ စု လူဦးရေ ၁၅၅ ဦးအား ထောင့်သန်းရောဂါပိုးကာကွယ်ဆေး များကို တစ်ဦးလျှင် နှစ်လုံးစီတိုက်ကျွေးခြင်းကို မေလ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါ အိမ် ထောင်စု ၃၈ စုမှ ဒေသခံများကို ထောင့်သန်းရောဂါ ပိုးကာကွယ် ဆေးများ တိုက်ကျွေးနေစဉ် အုံတုံကျေးရွာမှ ဦးအောင်ပု (၄၉နှစ်) သည် ခြေဆစ်၊ လက်ဆစ်များ ရောင်ရမ်းနေသည်ကို တွေ့ရှိရ၍ ဆေးခန်းသို့ လာ ရောက်ပြသရာ ထောင့်သန်းရောဂါဟု သံသယရှိသဖြင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာမှ ဒေါ်သိင်္ဂီဌေး (ကြီးကြပ် ရေးမှူး -၂ ) ၊ ရှမ်းမ ငယ်ရဲစခန်းမှ ဒုတပ်ကြပ် ယဉ်မင်း ဦးတို့က ခေါ်ဆောင်၍ ခရိုင်ပြည်သူ့ဆေးရုံကြီး ကူးစက် ရောဂါကုသဆောင်၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 ချမ်းသာ (မိတ္ထီလာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိတ္ထီလာကျေးရွာနှစ်ရွာမှ ဒေသခံ ခြောက်ဦး ထောင့်သန်းရောဂါကူးဟု ယူဆရသည့် ရောဂါပိုးကူးစက်ခံရ၍ ဆေးကုသမှုခံယူနေရ မိတ္ထီလာကျေးရွာနှစ်ရွာမှ ဒေသခံ ခြောက်ဦး ထောင့်သန်းရောဂါကူးဟု ယူဆရသည့် ရောဂါပိုးကူးစက်ခံရ၍ ဆေးကုသမှုခံယူနေရ Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.