မိုင်းဖြတ်မြို့ မှာ သုံးဘီးယာဉ် တိမ်းမှောက် (၃)ဦး သေဆုံးပြီး (၃)ဦးဒဏ်ရာ ရရှိ

တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့သုံးဘီးယာဉ် တိမ်းမှောက် (၃)ဦး သေဆုံးပြီး (၃)ဦးဒဏ်ရာ ရရှိယာဉ်မောင်း ထွက်ပြေးတိမ်းရှောင်လျက်ရှိ
တာချီလိတ်၊မေ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်-မိုင်းခုတ်လမ်းမှာ ၂၀၁၈ခုနှစ်၊ မေလ(၂၂) ရက်နေ့ ညနေ (၄)နာရီ (၅၀)မိနစ်ခန့် ကသုံးဘီးယာဉ်တစ်စီးမှာ လမ်းဘေးကို ထိုးကျ တိမ်းမှောက်သွား သဖြင့်ခရီးသည် (၃)ဦးသေဆုံး၊ (၃)ဦးဒဏ်ရာရရှိပြီး၊ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း သိရှိရပါတယ်။


အဆိုပါဖြစ်စဉ်မှာ မိုင်းဖြတ်မြို့မှ မိုင်းခုတ်ရွာကို သွားသောလမ်းရှိ မိုင်းဖြတ်မြို့နယ်၊ တုံလုံရွာနေ ယာဉ်မောင်း အိုက်အွတ် မောင်းနှင်ပြီး၊ နောက်မှ အိုက်အွတ်၏ ဇနီး ဒေါ်နန်းခမ်းကျောက်၊ တစ်ရွာတည်းနေ ဒေါ်နန်းကျန်၊ ဒေါ်နန်းကိန်၊ ဒေါ်နန်းရှဲန်ယုံး၊ ဒေါ်ပါယုံး၊ ဒေါ်ပါကောင်း၊ ဦးနန်ကွတ်လီး တို့လိုက်ပါတဲ့ တရုတ်နိုင်ငံလုပ် လီဖန်း သုံးဘီးယာဉ် (လိုင်စင်)စီစစ်ဆဲမှာ မိုင်းဖြတ်မြို့ရဲ့ အရှေ့တောင်ဘက် (၁၀)မိုင်ခန့် အကွာ ကောင်းမှုကျေးရွာ အနောက်ဘက်ကို အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို ထိုးကျတိမ်း မှောက်သွားခဲ့တယ်လို့ သိရပြီး ယာဉ်ပေါ်မှာ ပါတဲ့ ဒေါ်နန်းခမ်းကျောက် (ယာဉ်မောင်း၏ ဇနီး)၊ ဒေါ်နန်းကျန်၊ ဒေါ်နန်းကိန်တို့ (၃)ဦးမှာ အခင်း ဖြစ်နေရာတင် သေဆုံးခဲ့ကာ ဒေါ်ပါယုံး(၅၄)နှစ်မှာ ဦးခေါင်းငယ်ထိပ်မှာ ပေါက်ပြဲဒဏ်ရာ၊ ယာခြေသလုံး ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ) ဒေါ်ပါကောင်း (၆၅)နှစ်မှာ ၀ဲဖက်နံရိုးကျိုး (စိုးရိမ်ရ) ဦးနန်ကွတ်လီး (၄၈)နှစ်မှာ ၀ဲနားထင်ဖူး ယောင်၊ ၀ဲယာတတောင်ဆစ် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)၊ ဒေါ်နန်းရှဲန်ယုံး မှာ ဒဏ်ရာရရှိခြင်း မရှိကြောင်းသိရပါတယ်။

အဲဒီအခင်းဖြစ်ပြီးနောက် ယာဉ်မောင်း အိုက်အွတ်မှာ ထွက်ပြေး တိမ်းရှောင်သွားပြီး ယာဉ်တိမ်းမှောက်မှုမှ သေဆုံး/ ဒဏ်ရာရရှိသူများ ကို မိုင်းဖြတ်မြို့ သင်္ဂဟလူမှုကူညီရေးအသင်း နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ကသွားရောက် ကူညီလျက် မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ယခုသုံးဘီးယာဉ်မှောက်မှု အတွက် မိုင်းဖြတ်မြို့မ ရဲစခန်းမှ ယာဉ်(ပ) ၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈/ ၃၀၄(က) တို့အရအမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။

ဓါတ်ပုံ- မိုင်းဖြတ်မြို့နယ်ထွေ/အုပ်+ သင်္ဂဟလူမှုကူညီအသင်း
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မိုင်းဖြတ်မြို့ မှာ သုံးဘီးယာဉ် တိမ်းမှောက် (၃)ဦး သေဆုံးပြီး (၃)ဦးဒဏ်ရာ ရရှိ မိုင်းဖြတ်မြို့ မှာ သုံးဘီးယာဉ် တိမ်းမှောက် (၃)ဦး သေဆုံးပြီး (၃)ဦးဒဏ်ရာ ရရှိ Reviewed by THITHTOOLWIN on 16:16 Rating: 5
Powered by Blogger.