နယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူများ ထွက်ခွာသွားရန် မြန်မာနယ်ခြားစောင့်တပ်မှ အသံချဲ့စက်ဖြင့် ကြေညာ


နိရဉ္စရာ၊ မေ ၁၉

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့မှ အသံချဲ့စက် အသုံးပြုလျက် နိုင်ငံတကာနယ်နိမိတ်မျဉ်းတွင် နေထိုင်နေကြသည့် ဘင်္ဂလီများကို ထွက်ခွာသွားကြရန် မေလ ၁၉ ရက်နေ့ နံနက်တွင် ကြေညာသွားခဲ့သည်ဟု The Daily Star သတင်းစာတွင် ဖော်ပြသည်။

တောင်ပြို နိုင်ငံတကာနယ်နိမိတ်မျဉ်းတွင် နေထိုင်ကြနေကြသည့် ဘင်္ဂလီများကို ၎င်းနေရာမှ ထွက်ခွာသွားကြရန်နှင့် ဘင်္ဂလာဒေ့ရှ်သို့ ၀င်သွားကြရန် မေလ ၁၉ ရက်နေ့ နံနက် ၈ နာရီက အသံချဲ့စက်ဖြင့် ပြောကြားခဲ့သည်ဟု ဆိုသည်။

နိုင်ငံတကာနယ်နိမိတ်မျဉ်းတွင် နေထိုင်သည်မှာ တရားမ၀င်ကြောင်း၊ ကြေညာစဉ် ၎င်းတို့ကို ဘင်္ဂလီလူမျိုးဟု ခေါ်ဝေါ်သုံးနှုန်းသွားကြောင်း ဖြင့်လည်း သတင်းတွင် ဖော်ပြထားသည်။

၎င်းနေရာတွင် လူပေါင်း ၆၀၀၀ ခန့် နေထိုင်လျက်ရှိသည်ဟု AFP ကို ကိုးကားပြီး သတင်းတွင် ပြောဆိုသည်။

Narinjara
https://www.facebook.com/Narinjara
နယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူများ ထွက်ခွာသွားရန် မြန်မာနယ်ခြားစောင့်တပ်မှ အသံချဲ့စက်ဖြင့် ကြေညာ နယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူများ ထွက်ခွာသွားရန် မြန်မာနယ်ခြားစောင့်တပ်မှ အသံချဲ့စက်ဖြင့် ကြေညာ Reviewed by THITHTOOLWIN on 09:02 Rating: 5
Powered by Blogger.