![]() |
ဧဝရက်တောင်ပေါ် တက်ရောက်နိုင်ခဲ့သူ ဇိုင်ဘောင်ယူး |
အခုအခါ ၆၉ နှစ်ရှိပြီဖြစ်တဲ့သူဟာ ဧဝရက်တောင်ကို တက်တဲ့ ဒုတိယမြောက် ခြေထောက်ဖြတ်တောက်ထားရသူ ဖြစ်လာခဲ့ပါတယ်။
လတ်တလောအတွင်းမှာလည်း သြစတြေးလျနိုင်ငံသား စတိဗ်ပလိန်းဟာလည်း တိုက် ၇ တိုက်ဟာ တောင်တွေကို အမြန်ဆုံးတက်ရောက်နိုင်သူ ဖြစ်လာခဲ့ပါတယ်။
ပလိန်းဟာလည်း သူ့ရဲ့ လည်ပင်းကျိုးသွားတဲ့အတွက် ၄ နှစ်အကြာ အနားယူခဲ့ပြီးနောက် ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ကျော်လွှားကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။
မုန်တိုင်းနဲ့ နှင်းကိုက်ဝေဒနာ ခံစားခဲ့ရတဲ့ ဇိုင်ဘောင်ယူနဲ့ သူ့ရဲ့အဖွဲ့ဟာ နှင်းမုန်တိုင်းအကြားထဲမှာ ၃ ညလောက် သောင်တင်နေခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရလဒ်ကတော့ သူ့ရဲ့ ခြေထောက်ကို ဖြတ်တောက်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ၁၉၉၆ ခုနစ်မှာတော့ သွေးဖြူဥတွေပါတဲ့ အရည်ကြည်တွေထွက်တဲ့ ဝေဒနာကြောင့် သူ့ရဲ့ ခြေထောက်ကို ဒူးအထက်အထိ ဖြတ်တောက်လိုက်ရပြန်ပါတယ်။
အဲဒီလို ဒဏ်ရာတွေရခဲ့ပေမဲ့ တောင်ထိပ်ကိုရောက်လိုတဲ့ သူ့ရဲ့ စိတ်ဆန္ဒကိုတော့ ဘယ်တော့မှ စွန့်လွတ်ခဲ့ခြင်း မရှိပါဘူး။
ဧဝရက်တောင် တက်ဖို့ ပထမဆုံးအကြိမ် မြန်မာတွေ ကြိုးစား
ဧဝရက်တောင်အမြင့် ပြန်တိုင်းဖို့ပြင်
ကျွန်တော့ရဲ့ အနေထားနဲ့ ကံကြမ္မာ အခြေအနေအရ စိန်ခေါ်မှုတွေ ရှိလင့်ကစား ဧဝရက်တောင်တက်ဖို့ဆိုတာ ကျွန်တော့ရဲ့ အိပ်မက်ဖြစ်တယ်ဆိုတာ ကျွန်တော်သဘောပေါက်လာခဲ့ပါတယ်လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြီးခဲ့တဲ့ ဧပြီလက ပြောခဲ့ပါတယ်။
ဆိုးဝါးတဲ့ ဒုက္ခတွေနဲ့ ကြုံခဲ့ရတဲ့ ၁၉၇၅ ခုနစ်နောက်ပိုင်းမှာတော့ သူဟာ ၃ ကြိမ်ထက်မနည်း တောင်ထိပ်ပေါ်ကိုတက်ရောက်နိုင်ဖို့ ကြိုးစားခဲ့ပြီး ၂၀၁၆ ခုနစ်တုန်းကဆိုရင် သူ့အနေနဲ့ တောင်ထိပ်နဲ့ အတော်နီးကပ်တဲ့ နေရာအထိကို ရောက်ခဲ့တာပါ။
ဒါပေမယ့် ဇိုင်လိုတောင်တက်သမားတွေကို ကန့်သတ်တဲ့ နီပေါအာဏာပိုင်တွေရဲ့ လုပ်ရပ်ကြောင့် သူ့ရဲ့ ကြိုးပမ်းမှုတွေဟာ အဆုံးသတ်လုနီးပါး ဖြစ်ခဲ့ရပါသေးတယ်။
နီပေါအာဏာပိုင်တွေဟာ မျက်မမြင်တောင်တက်သမားတဦးအပါအဝင် ခြေထောက်ဖြတ်ထားရသူ နှစ်ဦးကို တောင်တက်ခွင့်တားမြစ်ခဲ့တာဖြစ်ပါတယ်။
အာဏာပိုင်တွေဘက်ကတော့ အဲဒီစည်းမျဉ်းသစ်ဟာ မသန်စွမ်းသူတွေအတွက် အန္တရာယ်ကင်းစေဖို့လို့ အကြောင်းပြခဲ့တာပါ။
ဒါပေမယ့် အဲဒီဆုံးဖြတ်ချက်ကို တရားရုံးကတော့ ခွဲခြားဆက်ဆံမှုအဖြစ် သတ်မှတ်ဆုံးဖြတ်ခဲ့ပါတယ်။
တနလာင်္နေ့ကတော့ လမ်းပြတွေနဲ့အတူ ဇိုင်ဟာ တောင်ထိပ်ကို ရောက်ရှိခဲ့ပြီး ဟိမဝန္တာတိုင်းမ်ကတော့ ခြေနှစ်ဘက်စလုံးဖြတ်တောက်ခံထားရသူအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် နီပေါဘက်ကနေ တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၆ ခုနစ်က မက်ခ့်အင်ဂလစ်ဆိုသူ နယူးဇီလန်နိုင်ငံသားကတော့ ပထမဆုံးတောင်ထိပ်ပေါ် ရောက်ခဲ့တဲ့ ခြေနှစ်ဘက်စလုံးဖြတ်တောက်ခံထားရသူဖြစ်လာခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ခြေထောက်နှစ်ဘက်ဖြတ်ထားရသူရဲ့ ဧဝရက်တောင်တက် ခရီးစဉ်
Reviewed by THITHTOOLWIN
on
19:30
Rating:
