ကျောက်ဖြူတွင် ကျောင်းဆရာကို သတ်ခဲ့သူကို ရဲတပ်ဖွဲ့မှ ၅ နာရီ အတွင်း ဖမ်းမိ

(လူသတ်တရားခံဟု စွပ်စွဲခံထားရသူ ကျော်ဇေယျ)
နိရဉ္စရာ၊ မေ ၂၇

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မေလ ၂၆ ရက်နေ့ ညအချိန်က ကျောင်းဆရာတစ်ဦးအား နောက်ကနေ ရိုက်သတ်ခဲ့သူဟု သံသယရှိသည့် လူသတ်တရားခံအား ကျောက်ဖြူ ရဲတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ပွားပြီး (၅) နာရီအတွင်း ဖမ်းမိခဲ့သည်ဟု သိရသည်။

လူသတ်တရားခံဟု စွပ်စွဲ ဖမ်းခံရသူမှာ ကျော်ဇေယျ (၃၄)နှစ်၊ ရန်ကုန်မြို့၊ အင်းစိန်- ဖေါ့ကန်မှ လှေနောက်လိုက်တစ်ဦးဖြစ်ကြောင်း အမှုစစ်တာဝန်ကျရဲအရာရှိ တစ်ဦးက ပြောကြားသည်။

၎င်းသည် ယခင်လည်းဓါးထိုးမှုဖြင့် ထောင် ဒဏ် နှစ်(၂၀) ကျခံခဲ့ရဖြစ်ပြီး လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည် လွတ်မြောက်သူဟု ၎င်းရဲအရာရှိက ပြောကြားသည်။

“ ဒေသခံတွေရဲ့ ၀ိုင်းဝန်း သတင်းပေးချက်အရ ကျောက်ဖြူမြို့မ ရဲစခန်းမှူးနဲ့ နယ်ထိန်း အဖွဲ့ဝင်တွေ က(၅)နာရီအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။ အခု အမှုကတော့ ပေါ်လာပါပြီ။ သေချာအောင်တော့ စစ်ဆေးနေတုန်းဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

မင်းပြားမြို့နယ် ဇီးကိုင်းသစ်ကျေရွာမှ မူလွန်ကျောင်းဆရာ ဦးဇော်သန်းအောင် (၂၄) နှစ်သည် ကျောက်ဖြူမြို့ ကျောက်ဖြူ ဂေါက်ကွင်း၌ ရပ်ကွက်ထဲမှ ရည်းစားဖြစ်သူနှင့် ချိန်းတွေ့နေစဉ် နောက်ကနေ မာကျောသည့် အရာတစ်ခုဖြင့် အရိုက်ခံရပြီး သေဆုံးခဲ့ရသည်။

Narinjara
https://www.facebook.com/Narinjara
ကျောက်ဖြူတွင် ကျောင်းဆရာကို သတ်ခဲ့သူကို ရဲတပ်ဖွဲ့မှ ၅ နာရီ အတွင်း ဖမ်းမိ ကျောက်ဖြူတွင် ကျောင်းဆရာကို သတ်ခဲ့သူကို ရဲတပ်ဖွဲ့မှ ၅ နာရီ အတွင်း ဖမ်းမိ Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.