တစ်ပါးတည်းသီတင်းသုံးနေသည့် သံဃာတော်ထံမှ အနုကြမ်းစီးငွေလုကာ သတ်ခဲ့မှုဖြစ်ပွား

ဓါတ်ပုံ - Kyaw Min
ပဲခူး မေ ၁၃

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အမှတ် (၃) နယ်မြေ ရဲစခန်းအပိုင်တွင် သံဃာတော်ထံမှ အနုကြမ်းစီးငွေလုကာ သတ်ထားခဲ့မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မေ ၁၃ ရက် နံနက် ၁ နာရီခွဲခန့်က ဥဿာမြို့သစ် (၈)ရပ်ကွက် ရွှေမြင့်မိုရ်ဦးကျောင်းတွင် သီတင်းသုံးနေထိုင်သူ ဦးဝိစက္ကဏ သက်တော် (၆ဝ)နှစ်၏ လာရောက်တိုင်တန်းသတင်းပို့ချက်အရ မေ ၁၂ ရက် ည ၁ဝ နာရီခွဲခန့်က ရွှေမြင့်မိုရ်ဦးကျောင်းတိုက်တွင် သီတင်းသုံးနေစဉ် တစ်ပါးတည်း သီတင်းသုံးနေထိုင်သော ဦးဝိမလ အသက်/ဝါတော် (စုံစမ်းဆဲ)၏ အော်သံကြားခဲ့ ကြောင်း၊ ဝင်းထိုက်(ခ) ငထိုက်(စုံစမ်းဆဲ)နှင့် ပဲပြား(ခ) ဝင်းကျော်သူ (၁၆)နှစ် ဥဿာမြို့သစ်နေသူတို့မှာ ကျောင်း တံခါးအားဖွင့်ကာ ''ဘုန်းကြီးအထိုးမခံချင်ရင် ပိုက်ဆံ ပေး''ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ခုတင်ခေါင်းရင်းရှိ လွယ်အိတ်အားယူ၍ ဝင်းထိုက်နှင့် ပဲပြားမှာ ငွေစက္ကူ ရောရာ ၈ဝဝဝဝ ကျပ်ခန့်အား ဝင်လုပြီး ထွက်ပြေးသွားခဲ့ သည်။

 ထိုဖြစ်စဉ်အား ရာအိမ်မှူးမှတစ်ဆင့် နယ်မြေ ရဲစခန်းသို့ အကြောင်း ကြား၍ သွားရောက်စစ်ဆေးခဲ့ရာ ဦးဝိမလမှာ တစ်စောင်းအနေအထားဖြင့် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများရရှိကာ ပျံလွန်တော်မူနေကြောင်း တွေ့ရှိခဲ့ သည်။

''ဖြစ်တာက မှန်ပါတယ်၊ အဲဒီကျောင်းက သုံးကျောင်း ပါ၊ ခုဖြစ်ပွားတာက အလယ်ကကျောင်းက သံဃာအော် သံကြားလို့ အစွန်ကျောင်းက ကိုယ်တော်ကသွားကြည့်ပြီး အကြောင်းကြားလာလို့ ကျွန်တော်သွားစစ်တော့ အသက် မရှိတော့ဘူး၊ ပြစ်မှုကျူးလွန်သူနှစ်ဦးကိုတော့ ကျွန်တော် ခုလိုက်လံစုံစမ်းနေပါပြီ၊ အချက်အလက်တွေ၊ သက်သေ တွေနဲ့ ပတ်ဝန်းကျင်ကို ညကတည်းကနေ ခုထိမေးမြန်း စုံစမ်းနေပါတယ်''ဟု အမှတ် (၃)ရဲစခန်းတာဝန်ရှိ ရဲအရာရှိ တစ်ဦးက အတည်ပြုဖြေကြားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝင်းထိုက်နှင့် ပဲပြားတို့အား အမှတ် (၃) နယ်မြေရဲစခန်းက ဖမ်းဆီးရမိရေး စုံစမ်း စစ်ဆေးလျက်ရှိသည်။

ဖြိုးကိုလင်း
The Mirror Daily
https://www.facebook.com/TheMirrorDaily
တစ်ပါးတည်းသီတင်းသုံးနေသည့် သံဃာတော်ထံမှ အနုကြမ်းစီးငွေလုကာ သတ်ခဲ့မှုဖြစ်ပွား တစ်ပါးတည်းသီတင်းသုံးနေသည့် သံဃာတော်ထံမှ အနုကြမ်းစီးငွေလုကာ သတ်ခဲ့မှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:25 Rating: 5
Powered by Blogger.