မန်းမြန်မာပလာဇာလေးလွှာ၌ ရုပ်ရှင်ရုံလုပ်ငန်းများ လုပ်ဆောင်စဉ် မီးလောင်မှုဖြစ်ပွား


မန္တလေး မေ ၂၂

မန္တလေးမြို့ ဈေးချိုအနီး ၈၄ လမ်း၊ ၂၇ လမ်းနှင့် ၂၈လမ်းကြားရှိမန်းမြန်မာပလာဇာတွင် ယနေ့နံနက် ၁၁နာရီခန့်က ရုပ်ရှင်ရုံအတွက် ပြင် ဆင်မှုများအားဝရိန်ဆော်နေစဉ် မီးပွားများကျကာ
မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနက သိရသည်။

ဖြစ်စဉ်မှာ မန်းမြန်မာပလာဇာ လေးလွှာ အရှေ့တောင်ထောင့်တွင် ရုပ်ရှင်ရုံအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေသည့် အခန်းအတွင်း ၌ မျက်နှာကြက် အသံလုံဖော့ပြား တပ်ဆင်စဉ် ဝရိန်ဆော်ရာမှ မီးပွား များကျဆင်းလာပြီး စတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မီးလောင်ခြင်းမှာ လေးလွှာ တွင်ဖြစ်ပြီး မီးသတ်ကားတက်ရန် အတွက် လမ်းအခက်အခဲရှိခြင်း ကြောင့် အောက်ခြေမှ မီးကိုခက်ခဲ စွာငြှိမ်းသတ်ခဲ့ရကြောင်း၊ အချိန် ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကာ ဆုံးရှုံးမှုအဖြစ် ငွေကျပ် တစ်သိန်း ခြောက်သောင်းခန့်ရှိကြောင်း သိရ သည်။
''ဈေးပိတ်တဲ့ ဥပုသ်နေ့ဆို တော့ ဈေးဆိုင်တွေပိတ်ထားတယ်။ လောင်တဲ့နေရာကHall ခန်းဖြစ်လို့ တော်သေးတယ်။ ဒုတိယထပ်၊ တတိယထပ်မှာဆိုရင် အဲကွန်း ဂက်စ်ပိုက်လိုင်းတွေရှိတော့ မီး လောင်မှုဖြစ်ရင် မလွယ်လောက် ဘူး''ဟု မန်းမြန်မာပလာဇာတွင် ဆိုင်ခန်းဖွင့်လှစ်ရောင်းချနေသော ဦးကိုကိုက ပြောသည်။

မီးငြှိမ်းသတ်ရာတွင် အထပ် မြင့်မီးငြှိမ်းသတ်ရေးယာဉ်လေးစီး၊ အုပ်ချုပ်မှုယာဉ်နှစ်စီး၊သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၁၅ဝနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် ၂၅ဝတို့ဖြင့် ငြှိမ်းသတ်ခဲ့ ရကာLevel 2 အဆင့်သတ်မှတ် ပြီးလိုအပ်သည်များကို လုပ်ဆောင် ခဲ့ရကြောင်း သိရသည်။

ထက်မြတ်(မန္တလေး)
The Union Daily
https://www.facebook.com/uniondaily.net
မန်းမြန်မာပလာဇာလေးလွှာ၌ ရုပ်ရှင်ရုံလုပ်ငန်းများ လုပ်ဆောင်စဉ် မီးလောင်မှုဖြစ်ပွား မန်းမြန်မာပလာဇာလေးလွှာ၌ ရုပ်ရှင်ရုံလုပ်ငန်းများ လုပ်ဆောင်စဉ် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.