လိင်ပိုင်း မဖွယ်မရာသတင်းကြောင့် ဘုန်းတော်ကြီး ၃၄ ပါး နုတ်ထွက်စာတင်

ဘစ်ရှော့ ဖာနန်ဒို ရာမိုစ့်ပီရက်စ်နဲ့ ဟွမ်အစ်ဂနာစီယို ဂွန်ဇာလက်
ကလေးသူငယ်တဦး လိင်းပိုင်စော်ကားခံရမှုမှာ ဖုံးဖိပေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ချီလီနိုင်ငံမှာရှိတဲ့ ရိုမန်ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ၃၄ ပါးစလုံးဟာ နုတ်ထွက်ဖို့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဆီ နုတ်ထွက်စာ တင်လိုက်ကြပါတယ်။

သူတို့ရဲ့ကြီးလေးလှတဲ့ ထိန်ချန်တဲ့ အမှားကျူးလွန်မှုအတွက် ခံစားရသူတွေနဲ့ ကျောင်းတော်ကို ခွင့်လွတ်ဖို့လည်း သူတို့ဟာ တောင်းပန်ခဲ့ပြီးဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးအနေနဲ့ အဲဒီနုတ်ထွက်စာတွေကို ချက်ခြင်း လက်ခံမလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒါဟာနာကျင်ဖို့ကောင်းပြီး ရှက်စရာကောင်းတဲ့ ကိစ္စဖြစ်သလို ချီလီရဲ့ ကက်သလစ်ကျောင်းတော်တည်ရှိမှုကို လှုပ်ခါလိုက်တဲ့ ကိစ္စလည်းဖြစ်တယ်လို့ ပုပ်ရဟန်းမင်း ဖရန်စစ်က ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ပြောခဲ့ပါတယ်။

ဒီလို တနိုင်ငံလုံးက ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတွေ နုတ်ထွက်ဖို့ စာတင်ကြတာဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဖာနန်ဒို ကာရာဒီမာရဲ့လိင်မှုဆိုင်ရာ အရှုပ်တော်ပုံ သတင်းကို အထက်က စစ်ဆေးသူစုံစမ်းလို့မရနိုင်အောင် ဘစ်ရှော့ ဟွမ်ဘားရိုစ့်က ဖုံးဖိထားခဲ့တယ်ဆိုပြီး သတင်းတွေ စဖြစ်လာခဲ့တာပါ။ သြဇာတိက္ကမရှိတဲ့ ဖာနန်ဒိုကာရာဒီမာဟာ ၁၉၇၀ ပြည့်လွန်နဲ့ ၈၀ ပြည့်နှစ်တွေတုန်းက လူငယ်ကောင်လေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာမှုတွေ ရှိခဲ့တယ်ဆိုပြီး ဗာတီကန်က စစ်ဆေးတွေ့ရှိတဲ့အတွက် ဆုတောင်းမေတ္တာပို့သမှုတွေ ဘဝလက်ကျန်တလျှောက်လုံးမလုပ်ဖို့အတွက် ဒဏ်ခတ်ခြင်းကို ခံခဲ့ရပါတယ်။

သူဟာ ချီလီမှာ ရာဇဝတ်မှုအရ ပြစ်ဒဏ်ချမှတ်ခြင်း မခံရခဲ့ပေမယ့် လိင်ပိုင်းကျူးလွန်ခံရသူတွေအပေါ် စစ်ဆေးမှုတွေအရတော့ စွပ်စွဲချက်တွေဟာ မှန်ကန်ကြောင်း ဖော်ပြနေခဲ့ပါတယ်။

ပုပ်ဖရန်စစ်ဟာ ဘီရှော့ ဘားရိုစ့်ကို အဲဒီအမှုကို စစ်ဆေးဖို့အတွက် လွန်ခဲ့တဲ့ သုံးနှစ်က တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဖုံးဖိပေးခဲ့ပါတယ်။

ဘစ်ရှော့ဘားရိုစ့်ဟာ အရင်တုန်းကလည်း ပုပ်ဆီကို နုတ်ထွက်ခွင့်တင်ခဲ့ဖူးပေမယ့် ပုပ်ရဟန်းမင်းက နုတ်ထွက်ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် ဒီတကြိမှာတော့ သူ့ရဲ့ နုတ်ထွက်လွှာကို လက်ခံလိမ့်မယ်လို့ ယူဆနေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
လိင်ပိုင်း မဖွယ်မရာသတင်းကြောင့် ဘုန်းတော်ကြီး ၃၄ ပါး နုတ်ထွက်စာတင် လိင်ပိုင်း မဖွယ်မရာသတင်းကြောင့် ဘုန်းတော်ကြီး ၃၄ ပါး နုတ်ထွက်စာတင် Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.