ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး လေးနှစ်ပြည့်ချိန် ဆန္ဒပြခဲ့ကြသူတွေထဲက တက်ကြွ လှုပ်ရှားသူ ၁၅ - ဦးကို ထောင်ဒဏ် ၇-နှစ်အထိ ချမှတ်နိုင်တဲ့ နိုင်ငံတော် အကြည်ညိုဖျက်မှုနဲ့ အရေးယူလိုက်တယ်လို့ အဖမ်းခံရသူတွေရဲ့ ရှေ့နေကပြောပါတယ်။
လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၄ခုနှစ် မေလ ၂၂ရက်နေ့က အာဏာသိမ်းပြီးတက်လာတဲ့ စစ်အစိုးရဟာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ ဂတိပေးထားခဲ့ပေမယ့် အကြိမ်ကြိမ် အချိန် ရွေ့ဆိုင်းခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတွင်း နိုင်ငံရေးလှုပ်ရှားဖို့ လူ ၅-ဦးထက်ပို မစုရဆိုတဲ့ ဥပဒေကိုလည်း ထုတ်ပြန် ထားလို့ ၂၂-ရက်နေ့က ဆန္ဒပြခဲ့သူတွေ အခုလိုအရေးယူခံရတာပါ။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖြစ်တာဝန်ယူထားတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ပရာယွတ် ကတော့ ရွေးကောက်ပွဲကို နောက်နှစ် ဖေဖေါ်ဝါရီလလောက်မှာ ပြုလုပ်ပေးနိုင်မယ်လို့ ပြောထားပါတယ်။
ဘန်ကောက်မြို့မှာ ဆန္ဒပြသူ ရာဂဏန်းလောက်ဘဲရှိခဲ့ပေမဲ့ ဒီဆန္ဒပြပွဲဟာ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က Sunai Phasuk ကပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ထိုင်းနိုင်ငံ စစ်အုပ်ချုပ်ရေး ဆန္ဒပြကြသူ ၁၅ ဦး အဖမ်းခံရ
Reviewed by THITHTOOLWIN
on
08:55
Rating:
