၂၄-၅-၂၀၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် သာပေါင်းမြို့နယ်၊ ကျွန်းလျားကြီးအုပ်စု၊ ရွှေမိ(ဒေသခေါ်) တောအတွင်း မီးသွေးဖိုလုပ်ကိုင်သူ အမျိုးသားတစ်ဦး တောဆင်ရိုင်း နင်းခံရကြောင်း လာရောက် အကြောင်းကြားသဖြင့် စခန်းမှူး နှင့်အဖွဲ့ မှ သွားရောက်စစ်ဆေးခဲ့ပါသည်။
အမည်မသိ (အမျိုးသား)တစ်ဦးမှာ ဆင်နင်းခံရပြီး ဦးခေါင်းပြားချပ် ကြေမွ၊ အရိုးများကျိုးကြေ၊ ဗိုက်ပွင့်၍ အူများထွက်နေသည်ကို တွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်အား စုံစမ်းခဲ့ရာတွင်လည်း မည်သူမည်ဝါ ဖြစ်ကြောင်း မသိရှိရသဖြင့် အလောင်းအား သာပေါင်းဆေးရုံသို့ သယ်ဆောင်ခဲ့ပါသည်။
မိဘပြည်သူများ အနေဖြင့် မိမိပတ်ဝန်းကျင်တွင် ပျောက်ဆုံးနေသော အမျိုးသားတစ်ဦး အသက် (၄၀-၅၀)ခန့်၊ ဆံပင်အရှည်၊ လည်ပင်းတွင် ကျစ်ကြိုးဖြင့် လက်စွပ်တစ်ကွင်းဆွဲထားသည်ကို သိရှိပါက သေဆုံးသူ၏ မိသားစု ဆွေမျိုးများနှင့်အဆက်အသွယ်ရရှိ နိုင်ပါရန်အတွက် အောက်ပါ ဖုန်းနံပတ်များကို ဆက်သွယ် ပေးကြပါရန် အသိပေးအပ်ပါသည်။
သာပေါင်းမြို့မရဲစခန်း☎
09250340636
09455173355
အမည်မသိ လူတစ်ဦး တောအတွင်း တောဆင်ရိုင်းနင်းခံရ၍ သေဆုံး
Reviewed by THITHTOOLWIN
on
22:03
Rating:
