နုတ်ထွက်ခွင့်တင်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးအား ပြည်ထဲရေးဝန်ကြီးဌာနမှ နုတ်ထွက်ခွင့်ပြု
မုံရွာ ၊ မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်သည် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်တင်ထားပြီး မေလ၃၀ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနက နုတ်ထွက်ခွင့်ပြုခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ် (၅-၂၀၁၈) အရနုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအပြောင်းအလဲဖြစ်ပေါ်ခဲ့ ပြီး မကြာခင်မှာဘဲ တိုင်းအတွင်းရေးမှူးနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်၏ သဘောဆန္ဒအလျောက် အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်ခဲ့ပြီးဖြစ်ပါသည်၊ လောလောဆယ် ကျန်းမာရေးစစ်ဆေးခြင်း၊ တရားစခန်းဝင်ခြင်း၊ ခရီးရှည်ထွက်ခြင်း စသည်ဖြင့် ကိုယ်ရေးကိုယ်တာကိစ္စများကို ဆောင်ရွက်သွားပါမည်၊ နောက်ပိုင်းတွင် အမျိုး ဘာသာ သာသနာအကျိုးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဝမ်းမြောက်ပျော်ရွှင်စွာဖြင့် သတင်းကောင်းပါးအပ်ပါသည်"ဟု ဦးမြတ်ကျော်ကျော်ကသူ၏ဖေ့ဘုတ်စ်
စာမျက်နှာတွင် ယနေ့ရေးသားထားသည်။
ဦးမြတ်ကျော်ကျော်သည် ယခင်က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ရုံးအဖွဲ့မှူး၊ ယင်းနောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင်တိုင်းအတွင်းရေးမှူးတာဝန်ကိုထမ်းဆောင်ခဲ့သည်။
Monywa Gazette
https://www.facebook.com/monywagazette
နုတ်ထွက်ခွင့်တင်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးအား ပြည်ထဲရေးဝန်ကြီးဌာနမှ နုတ်ထွက်ခွင့်ပြု
Reviewed by THITHTOOLWIN
on
20:29
Rating:
