သီပေါမြို့နယ်တွင်နွားကား ပစ်ခတ်ခံရ၊ ယာဉ်မောင်းသေဆုံး

PHOTO - KO NAY
သီပေါ၊ မေ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ မန္တလေး- လားရှိုး ပြည်ထောင်စုလမ်း၊ မောင်ဖုန်းတောင် အဆင်း မိုင်တိုင် ၁၂၀ အနီးတွင် ယနေ့( မေလ ၈ရက်) ၊နေ့လယ် ၁၂ နာရီခန့်က နွားများတင်ဆောင်လာသည့် ကုန်တင်ကားတစ်စင်း ပစ်ခတ်ခဲ့ရခြင်းကြောင့် ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့ကြောင်း သီပေါမြို့ခံတစ်ဦးကပြောသည်။


“ မန္တလေး ကနေ လားရှိုးဘက်တတ်တဲ့ နွားကားပါ။ ကားပေါ်မှာ သုံးဦးပါပါတယ်။ ယာဉ်မောင်းသေဆုံးပါတယ်။ ကျန် နှစ်ဦး ဒဏ်ရာရပါတယ် “ဟု ပစ်ခတ်ခဲ့ရသူများကိုသွားရောက်ကူညီပေးခဲ့သူ နယ်စည်းမခြား ပရဟိတအသင်းမှ ကိုမျိုးကပြောသည်။

ဖြစ်စဉ်မှန်ကန်ကြောင်း မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရကြောင်း သီပေါမြို့မ ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးကပြောသည်။

ကိုမျိုး
The Asia Heart News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ