စေတုတ္တရာမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သဖြင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွား


စေတုတ္တရာ မေ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ သံဆည်ကျေးရွာအုပ်စု၊ သံဆည် ကျေးရွာနှင့် ငမကျေးရွာတို့တွင် မေလ (၇) ရက်နေ့ မွန်းလွဲ(၁း၃၀) အချိန်ခန့်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ် ခဲ့သဖြင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် သံဆည်ကျေးရွာအုပ်စု၊ သံဆည်ကျေးရွာတွင် မောင်လွှမ်းမိုး(သ)၂/ ၁၈နှစ်၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ(၁) ချက်(မစိုးရိမ်ရ) ရရှိခဲ့ပြီး ၊ လူနေအိမ်(၃)လုံး (အမိုး/အကာပျက်စီး) ပျက်စီး ၊ လူနေအိမ်(၁၅)လုံး (အမိုးတစ်စိတ်တစ်ပိုင်း ပျက်စီး) ၊လူနေအိမ်(၄၄)လုံး (တစ်စိတ်တစ်ပိုင်းအနည်းငယ်ပျက်စီး) ပျက်စီးဆုံးရှုံးခဲ့ပြီး သံဆည်ကျေးရွာအုပ်စု၊ ငမကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် မသေးသာ(သ) ၁၈/၁၈နှစ် ဝဲခြေထောက်ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး လူနေအိမ်(၁)လုံး (အမိုးအကာပျက်စီး) ပျက်စီး ၊ လူနေအိမ်(၃)လုံး (အမိုးတစ်စိတ်တစ်ပိုင်း ပျက်စီး) ပျက်စီး ၊ လူနေအိမ်(၁၁)လုံး (တစ်စိတ်တစ်ပိုင်း အနည်းငယ်ပျက်စီး) ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် သံဆည်ကျေးရွာအုပ်စုတွင် စုစုပေါင်း အမိုးအကာ ပျက်စီးလူနေ အိမ်(၄)လုံး ၊ အမိုးတစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ်(၁၈)လုံး ပျက်စီး နှင့် တစ်စိတ်တစ်ပိုင်းအနည်းငယ်ပျက်စီး လူနေအိမ်(၅၅)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါ လေဘေးသင့်ပြည်သူများမှာ နီးစပ်ရာဆွေမျိုး တော်စပ်သူများ၏ နေအိမ်များတွင် နေထိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မျိုးမြတ်(မင်းဘူး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
စေတုတ္တရာမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သဖြင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွား စေတုတ္တရာမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သဖြင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 18:25 Rating: 5
Powered by Blogger.