ခမောက်ကြီး မေ ၁၈
တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီး မြို့နယ် (၃၈)မိုင် ယုဇနဆီအုန်း ကုမ္ပဏီတွင် ယမန်နေ့ ညနေ ၄ နာရီ ၂၂ မိနစ်က စခန်းမှူးရဲအုပ် ဆန်းမောင်သည် ရဲစခန်းတွင် တာဝန် ထမ်းဆောင်နေစဉ် ခမောက်ကြီး မြို့ (၃၈)မိုင် ယုဇနဆီအုန်းကုမ္ပဏီ ခန့်မှန်းမြေပုံညွှန်း (အမ်အေ-၅၇၉၉၅ဝ၄) စက်ရုံဝန်ထမ်းအိမ်ရာ (၁)တွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သက်သေများ နှင့်အတူ အခင်းဖြစ်အရပ်သို့ သွား ရောက်စစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၄ နာရီ ၂၂ မိနစ်တွင် ခမောက်ကြီး မြို့ (၃၈)မိုင်ယုဇနဆီအုန်းကုမ္ပဏီ ဝင်း စက်ရုံဝန်ထမ်းအိမ်ရာ(၁)ရှေ့ ဝရန်တာရှိ ခုံတန်းလျားပေါ်ထိုင်၍ သက်နိုင်ထွန်း (၃၁နှစ်) စက်ရုံဝန် ထမ်း(ဝရိန်ဆရာ) လိုင်းခန်း(၅) (၃၈)မိုင် ယုဇနဆီအုန်းကုမ္ပဏီ၊ ဇော်မင်း( စိစစ်ဆဲ) စက်ရုံဝန်ထမ်း (၃၈)မိုင် ယုဇနဆီအုန်းကုမ္ပဏီ နေသူနှင့် ထက်လင်းနိုင်(၂၃နှစ်) စက်ရုံဝန်ထမ်း(ဝရိန်ဆရာ) အိမ်ရာ (၁) (၃၈)မိုင်ယုဇနဆီအုန်းကုမ္ပဏီ နေသူတို့သုံးဦးသည် အရက်အတူ ထိုင်သောက်နေစဉ် စကားပြော နေရာမှ သက်နိုင်ထွန်းနှင့် ထက် လင်းနိုင်တို့နှစ်ဦးသည် အလုပ်ကိစ္စ ဖြင့် စကားနိုင်လုရာမှ ပုလင်းကွဲ သွားပြီး သက်နိုင်ထွန်းက အဖုံးပါ သောပုလင်းကွဲ(ထိပ်ပိုင်း)အား ကိုင် ၍ လမ်းမပေါ်သို့ ထွက်ပြေးခဲ့ရာ ထက်လင်းနိုင်က အနောက်မှ ပြေး လိုက်ခဲ့ပြီး ရင်ဘက်အား ဆွဲစဉ် သက်နိုင်ထွန်းက လက်ထဲတွင် အသင့်ကိုင်ဆောင်ထားသော အဖုံး ပါ ပုလင်းကွဲ(ထိပ်ပိုင်း)ဖြင့် ထိုးခဲ့ ရာ ထက်လင်းနိုင်၏ ဝဲဘက်ခြမ်း လည်ပင်းအလယ်တွင် သုံးလက်မ ခန့်ရှိ ပြတ်ရှဒဏ်ရာတစ်ချက်ရရှိ ကာ လဲကျသေဆုံးခဲ့သည်။
အမှုအားစက်ရုံတာဝန်ခံအောင် ကျော်မှ တရားလိုပြုလုပ်၍ တိုင် ကြားခဲ့သဖြင့် ခမောက်ကြီးနယ်မြေ ရဲစခန်း၏ (ပ)၁ဝ/၂ဝ၁၈၊ ရာဇ သတ်ကြီးပုဒ်မ-၃ဝ၂ (အမှုကြီး အမှတ်စဉ်(၁/၂ဝ၁၈)ဖြင့် ယမန်နေ့ ညနေ ၅ နာရီတွင် အမှုဖွင့်အရေး ယူဆောင်ရွက်ကာ အမှုစစ်အဖြစ် စခန်းမှူး ရဲအုပ်ဆန်းမောင်က လက်ခံစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း နယ်မြေရဲစခန်းမှ သိရ သည်။
မောင်မောင်(ခမောက်ကြီး)
The Union Daily
https://www.facebook.com/uniondaily.net
(၃၈)မိုင်ယုဇနဆီအုန်းကုမ္ပဏီ ဝန်ထမ်းအိမ်ရာတွင် လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:56
Rating:
