ထီးချိုင့်မြို့နယ်တွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားရာ ဦးပဉ္စင်း တစ်ပါးပျံလွန်တော်မူ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မောင်းကုန်း ကျေးရွာ တွင်  မေ ၂၅ ရက် နံနက် ၉ နာရီအချိန်ခန့်က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားရာ ဦးပဉ္စင်းတစ်ပါး ပျံလွန်တော်မူသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ မေ ၂၅ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် ထီးချိုင့်မြို့နယ်၊ မောင်းကုန်းနယ်မြေရဲကင်းစခန်းမှူးရဲအုပ်စိုးလင်း ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်းအရသက်သေများနှင့် အတူအခင်းဖြစ်နေရာသို့ သွားရောက်ကြည်ရှု စစ်ဆေးရာ ထီးချိုင့်မြို့နယ်၊
မန္တလေး_ဗန်းမော်သွားကားလမ်း၊ မိုင်တိုင်အမှတ်100km အနီး မောင်းကုန်းရွာ လယ်လမ်းမပေါ်တွင်မန္တလေး၊မဟာ အောင်မြေမြို့နယ် ရှုခင်းသာရပ်နေ သိန်းထွန်းဆိုသူမောင်းနှင် လာသော7J/----- ကလူဂျာအမျိုးစားယာဉ်မှ လမ်းဖြတ်ကူးနေသော တောင်တလုံးကျေးရွာ၊ တောရကျောင်း၊ ထီးချိုင့်မြို့နယ်မှ ဦးပဉ္စင်းဦးနန္ဒဝံဿ(ခ) ဦးပဉ္စင်းကုလားအား ဝင်ရောက်တိုက်မိရာ ဦးပဉ္စင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူ သိန်းထွန်း အား ထီးချိုင့်မြို့မရဲစခန်းမှ ဖမ်းဆီး အရေးယူဆောင်ရွက်ထားကြောင်း ရဲအုပ်စိုးလင်းမှပြောပြသိရှိရသည်။

လူအောင်(ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ထီးချိုင့်မြို့နယ်တွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားရာ ဦးပဉ္စင်း တစ်ပါးပျံလွန်တော်မူ ထီးချိုင့်မြို့နယ်တွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားရာ ဦးပဉ္စင်း တစ်ပါးပျံလွန်တော်မူ Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.