အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့မှာ မနေ့က ခုံးကျော်ကားလမ်းပြိုကျတာကြောင့် တန်နဲ့ချီတဲ့ ကွန်ကရစ်များအောက်မှာ ကားအများအပြား ပိပြားသွားပြီး အနည်းဆုံး လူ၁၈ဦး သေဆုံးတယ်လို့ ကယ်ဆယ်ရေးအရာရှိတွေကပြောပါတယ်။
ခုံးကျော်တံတားပြိုကျတဲ့ ဗာရာဏသီမြို့ကို ကယ်ဆယ်ရေးအဖွဲ့များ စုပြုံရောက်ရှိသွားကြပါတယ်။ ဒါပေမဲ့ အပျက်အစီးပုံများအောက်မှာ ပိတ်မိနေသူ၊ အသက်ရှင်သူ ဒဏ်ရာရသူနဲ့ သေဆုံးသူ စသဖြင့် အတိအကျကို ပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။
မျက်မြင်သက်သေတွေ အဆိုအရ ပြိုကျသွားတဲ့ ခုံးကျော်တံတားဟာ ဆောက်လုပ်ဆဲဖြစ်ပြီး ယာဉ်သွားယာဉ်လာများတဲ့လမ်းဘက်ကို ပြိုကျတာကြောင့် လမ်းပေါ်မှာရှိနေတဲ့ ဘတ်စ်ကားနဲ့ ကားများ ပိသွားတာပါ။
အလားတူ ၂၀၁၆ခုနှစ်က အိန္ဒိယနိုင်ငံ Kolkata မြို့မှာ ပေ ၃၀၀ ကျော်ရှည်တဲ့ ခုံးကျာ်တံတားတခု ကျိုးကျခဲ့တာကြောင့် လူပေါင်း ၂၆ ဦး သေဆုံးခဲ့ရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဗာရာဏသီမြို့ ခုံးကျော်ကားလမ်းပြိုကျလို့ အနဲဆုံး လူ ၁၈ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
10:00
Rating:
