နမ့်မွန်း-မိုင်းနောင်လမ်းပိုင်းအတွင်း ယာဉ်တိုက်မှုမှ ထွက်ပြေးသွား​သော ကားသမားအား ဖမ်းမိ


မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နမ့်မွန်း-မိုင်းနောင်ကျေးရွာ လမ်းပိုင်းအတွင်း မေလ (၁၈) ရက်နေ့ ည ၇ နာရီခန့်က ဆိုင်​ကယ်​နှင့်​ကား ယာဉ်​တိုက်​မှုဖြစ်​ပွားခဲ့ပြီး ထွက်​​ပြေးတိမ်​​ရှောင်​​နေသည့်​ ကားသမားကို ဖမ်းဆီးရမိပြီဖြစ်​​ကြောင်း လုံးတုံရဲစခန်းမှ သိရသည်​။

ဖြစ်စဉ်မှာ အင်းတော်ကြီးဒေသ နမ့်မွန်းကျေးရွာ သိုက်ကုန်းရပ်ကွက်မှ ဒေါ်ခင်သန်း အသက်(၆၅) နှစ်သည် နမ့်မွန်း-မိုင်းနောင်ကြားရှိ မိုင်တိုင်အမှတ် ၁၆ မိုင် ၁၆ ဖာလုံး၊ တံတားအမှတ် ၂/၁၈ အနီးရှိချောင်းတွင် ရေချိုး၍ လယ်တဲသို့ အပြန်ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်းလာရာ ၄င်းတံတားနေရာတွင် ဦးအောင်ကျော်လင်း အသက် (၄၁) နှစ် သောင်းကော့ကျေးရွာ ဆိုင်းတောင်အုပ်စုမှ ပါကျဲရိုး အမျိုးအစား ငွေမျှင်ရောင် စိမ်းပြာကားတစ်စီးမှ ၀င်တိုက်မိပြီး ထိုနေရာတွင် ဒေါ်ခင်သန်းမှ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကားသမားမှာ ထွက်ပြေးမောင်းနှင် ခဲ့သည်။


“လမ်းကြောင်းက တစ်လမ်းတည်းရှိတာကိုး တိုက်မိလိုက်တယ်လို့ သတင်းကြားတော့ လုံးတုံအောက် ကိတ်မှာ စောင့်ဖမ်းလိုက်တာ။ ပြီးတော့ သူတို့ တိုက်ထားတဲ့ကားက ကားရှေ့မီးသီးကွဲနေတာတွေနဲ့ ပွန်းပဲ့ဒဏ်ရာတွေနဲ့ တွေ့တယ်လေ။ အမှုကတော့ ၃၀၄ က (ပေါ့ရော့စွာနဲ့ မဆင်မကျင်မောင်းနှင်မှုနဲ့ လူသေဆုံးစေတဲ့ အတွက်ကြောင့်) ဖြစ်တယ်။ ဒီမှာက ရက်ရှည်ချုပ်မရတဲ့
အတွက်ကြောင့် မိုးညှင်းထောင်ပို့ထားတယ်။” ဟု အင်းတော်ကြီးဒေသ လုံးတုံရဲစခန်းမှ ဒုရဲအုပ် ရဲနိုင်ဦးက ရှမ်းနီအသံသို့ ပြောသည်။

The Voice of Shan-Ni
https://www.facebook.com/shannivoicenewsjournal
နမ့်မွန်း-မိုင်းနောင်လမ်းပိုင်းအတွင်း ယာဉ်တိုက်မှုမှ ထွက်ပြေးသွား​သော ကားသမားအား ဖမ်းမိ နမ့်မွန်း-မိုင်းနောင်လမ်းပိုင်းအတွင်း ယာဉ်တိုက်မှုမှ ထွက်ပြေးသွား​သော ကားသမားအား ဖမ်းမိ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.