ပူတာအို၌ မီးဖိုဆောင် မီးကြွင်းမီးကျန်မှတဆင့် မီးဖိုဆောင်နှင့် လူနေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွား


ပူတာအို - မေ ၁၄

ကချင်ပြည်နယ် ၊ ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက်(၄) ၊ အိမ်အမှတ် (၂၃၈)နေ ဦးအင်ထပ် ဇော်ဖန်(၄၇)နှစ်နှင့်ဇနီးတို့မှာ မေ(၁၄)ရက် နံနက်ပိုင်းက နေအိမ်တွင် ထမင်း/ဟင်းများချက်ပြုတ်၍ တောင်ယာ သို့သွားရောက်ခဲ့ရာ မွှန်းလွှဲ(၂)နာရီတွင် မီးဖိုဆောင် မီးကြွင်းမီးကျန်မှ တဆင့် မီးစတင်လောင် ကျွမ်းခဲ့ရာ မီးဖိုဆောင်နှင့်ကပ်လျက်ရှိ ပျဉ်ခင်း ၊ ပျဉ်ကာ ၊ သွပ်မိုး နှစ်ထပ် အဆောက်အဦသို့ကူးစက် လောင်ကျွမ်း ခဲ့သည်။

မီးလောင်ကျွမ်းရာသို့ ပူတာအိုအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကိုကိုလွင် ၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးသန့်စင် ၊ ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူး နှင့်ဝန်ထမ်းများ ၊ ပူတာအိုမြို့ မြို့မရဲစခန်း ခေတ္တစခန်းမှူး နှင့်တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ယာဉ် နှစ်စီး ၊ ရေသယ် ယာဉ် တစ်စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ် ခဲ့ရာ မွန်းလွဲ(၂)နာရီ(၁၅)မိနစ်ခန့်တွင် မီးညွှန့်ကျိုး၍ မွှန်းလွှဲ(၂) နာရီ(၂၅)မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် လူ/တိရစ္ဆာန်များထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ၊ အခြားအိမ်နီးချင်း သို့ကူးစက်လောင်ကျွမ်းမှုမရှိခဲ့ကြောင်းနှင့်မီးလောင်မှုကြောင့် (၁၄၈၄၀၀၀) ကျပ်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါ အိမ်ရှင် ဦးအင်ထပ်ဇော်ဖန်အား ပူတာအိုမြို့ မြို့မ ရဲစခန်းတွင်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်(ပူတာအို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပူတာအို၌ မီးဖိုဆောင် မီးကြွင်းမီးကျန်မှတဆင့် မီးဖိုဆောင်နှင့် လူနေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွား ပူတာအို၌ မီးဖိုဆောင် မီးကြွင်းမီးကျန်မှတဆင့် မီးဖိုဆောင်နှင့် လူနေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.