မန္တလေး မေ ၁၉
မန္တလေးတိုင်းဒေသကြီးပြင်ဦး လွင်ခရိုင် ပင်လိန်ကျေးရွာရှိ ရွှေ လမင်းကျောင်းတိုက်အတွင်းစေတီ အား ညောင်မြစ်များဖြင့် ဖုံးလွှမ်းနေ ခြင်းအား ဖယ်ရှားရှင်းလင်းခဲ့ရာ တွင် နှစ်ပေါင်း ၄ဝဝခန့်သက်တမ်း ရှိသော ညောင်ရမ်းခေတ် ဘုရား ဆင်းတုတော် အဆူ ၁၂ဝကျော်ကို တွေ့ရှိခဲ့သည်။
ပြီးခဲ့တဲ့ မေလလ ၁၇ ရက်နေ့ က ပင်လိန် ကျေးရွာရှိ ရွှေလမင်းကျောင်း တိုက်အတွင်းရှိစေတီမှာ ယိုယွင်း ပျက်စီးနေသဖြင့် ပြန်လည်ပြုပြင်ရန် ဖယ်ရှားရှင်းလင်းရာစေတီတော် ဌာပနာတိုက်နှစ်ခုမှ ဘုရားဆင်းတု တော်များကို တွေ့ရှိရခြင်းဖြစ် ကြောင်း သိရသည်။
''ဖယ်ရှားရှင်းလင်းခဲ့စဉ်တုန်း ကတော့စေတီကညောင်ပင်အောက် မှာရှိတယ်လို့ပဲသိရတယ်။မြင်တော့ မမြင်ရဘူး။ ဒါကြောင့် ပြုပြင်ဖို့ ဖယ်ရှားလိုက်တာ ဖြစ်တယ်။ စေတီတော်ထဲမှာရှိတဲ့ဌာပနာတိုက် နှစ်ခုကနေ ကျောက်ဆင်းတုတော်၊ ကြေးဆင်းတုတော်၊ နံ့သာဖြူသား ဆင်းတုတော်၊ ရုပ်ပွားတော်အဆူ အပါအဝင် ဘုရားအဆူပေါင်း ၁၂ဝ ကျော်ထွက်လာပါတယ်''ဟု ရွှေလမင်းကျောင်းတိုက်ကျောင်းထိုင် ဆရာတော်ဦးသုဇနက မိန့်ကြား ခဲ့သည်။
ဆင်းတုတော် ၁၂ဝကျော်ထဲ တွင် အထူးခြားဆုံးအနေဖြင့် သလင်းကျောက်ဖြင့် ထုဆစ်ထား သော ဘုရားဆင်းတုတော်တစ်ဆူ မှာ ထူးခြားစွာပါဝင်လာကြောင်း၊ ထို့ကြောင့် စေတီတော်အသစ် တည်သွားလျှင် သလင်းဆင်းတု တော်အားဌာပနာထဲတွင်ထည့်သွင်း သွားမည်မဟုတ်ဘဲ အများဖူးမြော် နိုင်ရန် အပူဇော်ခံထားရှိမည်ဖြစ် ကြောင်း သိရသည်။
''ဆင်းတုတော်တွေကနှစ်ပေါင်း ၄ဝဝနီးပါးကညောင်ရမ်းခေတ်လက် ရာတွေဖြစ်ပါတယ်။ အထူးခြား ဆုံးဆင်းတုတော်ကတော့ သလင်း သားနဲ့ထုထားတဲ့ ဆင်းတုတော်ဖြစ် ပါတယ်။ သလင်းသားနဲ့ ထုထား တဲ့ ပုံတော်တွေလည်း ရရှိခဲ့ပါ တယ်'' ဟု မြန်မာမှုဗိသုကာပညာ ရှင်တမ္ပဝတီဦးဝင်းမောင်က ပြော ကြားသည်။
ညောင်ပင်ကြောင့်ပျက်စီးသွား သောစေတီအား ရုပ်ပွားတော်များ ကို ဌာပနာသွင်းကာ အသစ်ပြန် လည်တည်ထားကိုးကွယ်သွားမည် ဖြစ်ကာ အဆိုပါနေရာတွင် စေတီ စုစုပေါင်း သုံးဆူရှိသောကြောင့် ကျန်ရှိသောနှစ်ဆူကိုလည်း ရှေးမူ မပျက် ပြုပြင်မှုများ လုပ်ဆောင် သွားမည်ဖြစ်သည်။ ပြုပြင်ရာတွင် ဥာဏ်တော် ၂၇ပေ၊ အောက်ခံ ပလ္လင်တော် ၂၇ပေအရွယ်ရှိ စေတီ များအဖြစ် တည်ထားကိုးကွယ် သွားမည်ဖြစ်သည်။
ထက်မြတ်(မန္တလေး)
The Union Daily
https://www.facebook.com/uniondaily.net/
ပြင်ဦးလွင်မြို့နယ်တွင် နှစ်ပေါင်း ၄ဝဝ သက်တမ်းရှိ ရှေးဟောင်းဘုရားအဆူ ၁၂ဝ ကျော် တွေ့ရှိခဲ့
Reviewed by THITHTOOLWIN
on
20:31
Rating:
