ရိုဟင်ဂျာတွေအတွက် ကနေဒါ ဒေါ်လာ သန်း ၃ဝဝ ထောက်ပံ့


ကနေဒါအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ သန်း ၃ဝဝ ဖိုး ထောက်ပံ့ကူညီမယ်လို့ ဗင်ကူးဗားမြို့က ဗုဒ္ဓဟူးနေ့ လာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် အဲဒီအကူအညီတွေဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားမယ့် အစီအစဉ်အတွက်တော့ မဟုတ်ဖူးလို့လည်း ဆိုပါတယ်။ သူတို့ကို ပြန်လည် နေရာချထားရေးအတွက် ကုလနဲ့ တခြားကမ္ဘာ့နိုင်ငံတွေကို တိုင်ပင်ဆောင်ရွက်မယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ခရစ်တီးယား ဖရီးလင်းန် နဲ့ Marie- Claude Bibeau မာရီးကလို့ဒ် ဘီးဘို တို့ကပြောပါတယ်။

တဆက်တည်းမှာပဲ ရိုဟင်ဂျာတွေကို လူမျိုးတုန်းရှင်းလင်းမှုအတွက် တာဝန်ရှိသူတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အရေးယူအပြစ်ပေးရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းချက်တွေကို မိမိတို့ထောက်ခံမယ်လို့လည်း ကနေဒါ ဝန်ကြီးတွေက ပြောကြားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရိုဟင်ဂျာတွေအတွက် ကနေဒါ ဒေါ်လာ သန်း ၃ဝဝ ထောက်ပံ့ ရိုဟင်ဂျာတွေအတွက် ကနေဒါ ဒေါ်လာ သန်း ၃ဝဝ ထောက်ပံ့ Reviewed by THITHTOOLWIN on 08:57 Rating: 5
Powered by Blogger.