မြစ်ကြီးနား - မန္တလေးမီးရထားလမ်းပိုင်း နှစ်နေရာ မိုင်းခွဲခံရ


မန္တ​လေး - မြစ်​ကြီးနား ရထားလမ်းပိုင်းတွင်​ ​မေ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲခန့် က နှစ်နေရာ မိုင်းခွဲခံရ​ကြောင်း သိရပါသည်။

ကချင်ပြည်နယ် ၊ နမ္မတီးနှင့် မရမ်းကြား ပေ ၆၀ တံတားပေါ် ဖြတ်သန်းနေသော APT မိုင်းရှင်းရထား မိုင်းထိခဲ့ပြီး စက်ခေါင်း ၄၅ံ တိမ်းစောင်းကာ နောက်တွဲ ၃ တွဲချော်ကျ ခဲ့သည်။

ဒါအပြင် မိုးကောင်းနှင့် ထိုပူးကြားတံတား အမှတ် ၆၆၂ ၊ ၁၀ ပေ တံတားလမ်းပိုင်း ပျက်စီးခဲ့ကြောင်း သိရသည်။

နမ္မတီးနှင့် မရမ်းကြားတံတားပေါ်ရှိ ရထားအပျက်အစီးများ မ ထုတ်နိုင်ရန် မြစ်ကြီးနား ကရိန်းခေါ်ထားသော်လည်း လုံခြုံရေးအရ ခွင့်မပြုသဖြင့် မိုးညှင်းကရိန်းဖြင့် ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

သတင်း - ဓါတ်ပုံ - ယဉ်ယဉ်သိန်းနဘား

မြစ်ကြီးနား - မန္တလေးမီးရထားလမ်းပိုင်း နှစ်နေရာ မိုင်းခွဲခံရ မြစ်ကြီးနား - မန္တလေးမီးရထားလမ်းပိုင်း နှစ်နေရာ မိုင်းခွဲခံရ Reviewed by THITHTOOLWIN on 10:02 Rating: 5
Powered by Blogger.