![]() |
ဆန္ဒပြသူ ၄၀ နီးပါး သေဆုံးခဲ့ |
အစ္စရေးနိုင်ငံ တဲလ်အဗစ် မြို့မှာ ရှိတဲ့ အမေရိကန်သံရုံးကို ဂျေရုဆလမ်မြို့ကို မပြောင်းရွှေ့မီ နာရီပိုင်းအလိုမှာ အစ္စရေးနဲ့ နယ်စပ် ဂါဇာမှာ ပါလက်စတိုင်းတွေက ဆန္ဒပြနေစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
သံရုံးသစ် ဖွင့်လှစ်တာဟာ ဂျေရုဆလမ်မြို့ကို အစ္စရေး အုပ်ချုပ်နေတာကို အမေရိကန်က ထောက်ခံတယ်လို့ ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေက ယူဆနေတာလည်း ဖြစ်ပါတယ်။
ဒီမြို့ကို ပါလက်စတိုင်းကလည်း ပိုင်ဆိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ ဆန္ဒပြပွဲကို ဟားမက်စ်အဖွဲ့က ဦးဆောင်ပြီး အရင် ၆ ပတ်ကတည်းက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးကတော့ ဆန္ဒပြသူတွေက နယ်စပ် စည်းရိုးကို ချိုးဖောက်ခဲ့တယ်လို့ ဆိုပါ တယ်။
![]() |
အစ္စရေးကတော့ ဆန္ဒပြသူတွေက နယ်စပ် စည်းရိုးကို ချိုးဖောက်ခဲ့ |
အစ္စရေး တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူတွေထဲမှာ အသက် ၁၄ နှစ်အရွယ် ယောက်က်ျားလေး တဦးပါသလို လူ ၉၀၀ ကျော် ဒဏ်ရာရတယ်လို့ ဟားမက်စ် အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အမေရိကန် သမ္မတ ထရမ့်ရဲ့ သမီး အိုင်ဗင်ကာနဲ့ သမက် Jared Kushner တို့လည်း အမေရိကန် သံရုံးဖွင့်ပွဲကို တက်ရောက်ဖို့ ရှိနေပါတယ်။
![]() |
အမေရိကန် သမ္မတ ထရမ့်ရဲ့ သမီး အိုင်ဗင်ကာနဲ့ သမက် Jared Kushner တို့လည်း အမေရိကန် သံရုံးဖွင့်ပွဲကို တက်ရောက် |
http://www.bbc.com/burmese
အစ္စရေးဆန့်ကျင်မှု ဆန္ဒပြပွဲ ပါလက်စတိုင်း ၄၀သေဆုံး
Reviewed by THITHTOOLWIN
on
20:50
Rating:
