တောင်ဥက္ကလာပမြို့နယ်ရှိ တရုတ်ပြည့်တန်ဆာရုံအား ၀င်ရောက်ဖမ်းဆီး

အလှပြင်လုပ်ငန်းအားဗန်းပြ၍ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့်နေရာအား ဝင်ရောက်ဖမ်းဆီး
၂၀၁၈ ခုနှစ်၊ မေလ ၂၂ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့် က ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်ရှိ Oriental Spa အမည်ဖြင့် အလှပြင်ဆိုင်လုပ်ငန်းအား ဗန်းပြ၍ ရေချိုးခန်း၊ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က ၀င်ရောက်ဖမ်းဆီး ခဲ့ကြောင်း သိရပါသည်။


ပိုင်ရှင်(စိစစ်ဆဲ) Oriental Spa အမည်ဖြင့် အလှပြင်ဆိုင်လုပ်ငန်း(လိုင်စင်မရှိ)အား ဗန်းပြ၍ ရေချိုးခန်း၊ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့်နေရာသို့ ဝင်ရောက်စစ်ဆေးခဲ့ရာမှာ ပြည့်တန်ဆာအမျိုးသမီး တရုတ်နိုင်ငံသူ(၁၇)ဦး၊ ဆိုင်မန်နေဂျာ တရုတ်နိုင်ငံ၊ ဟူပိန်ပြည်နယ်နေ တရုတ်နိုင်ငံသား Peng An Ting(၃၉)နှစ် (ပတ်စ်ပို့/ ဗီဇာ-မရှိ)ပါ တရုတ်နိုင်ငံသား(၂)ဦးနှင့် ကွတ်ခိုင်မြို့နယ်နေ ဆိုင်ဝန်ထမ်း မမိုးမိုး(ခ)အားဖျင်(၂၄)နှစ် ပါ(၈) ဦး(ကျား ၃၊ မ ၅)တို့အား ဖမ်းဆီးရမိခဲ့ပါသည်။

 Li Ting ပါ တရုတ်နိုင်ငံသူ ၁၇ ဦးအား တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၆၀၉/၂၀၁၈၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၃(က)/(ခ) ဖြင့်လည်းကောင်း၊ ဆိုင်ရှင်(စုံစမ်းဆဲ)၊ Peng An Ting ပါ တရုတ်နိုင်ငံသား(၂)ဦးနှင့် မမိုးမိုး(ခ)အားဖျင် ပါ(၈)ဦးတို့အား တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၆၁၀/၂၀၁၈၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၅(၁)ဖြင့်လည်းကောင်း အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှသတင်းထုတ်ပြန်ထားပါသည်။

သစ်ထူးလွင်
တောင်ဥက္ကလာပမြို့နယ်ရှိ တရုတ်ပြည့်တန်ဆာရုံအား ၀င်ရောက်ဖမ်းဆီး တောင်ဥက္ကလာပမြို့နယ်ရှိ တရုတ်ပြည့်တန်ဆာရုံအား ၀င်ရောက်ဖမ်းဆီး Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.