မြိုင် မေ ၁၂
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာအုပ်စု၊ ကျောက်ခွက် ကျေးရွာ၌ မေ ၁၁ ရက်နေ့ ညနေ ၅နာရီ ၁၀မိနစ်ခန့်က မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ - ကျောက်ခွက်ကျေးရွာနေ ဒေါ်သန်းစိန် ၏နေအိမ်မှာ (၄ပင် ပတ်လည် ပျဉ်ခင်း၊ ထရံကာ၊ သက်ကယ်မိုး တစ်ထပ်အိမ်)မှ ၀ါယာရှော့ဖြစ်ပြီး စတင်လောင်ကျွမ်းခဲ့ရာ အိမ်နီးချင်း ဦးသန်းလှိုင်၊ ဦးကျော်ငြိမ်း၊ ဦးချစ်ညို တို့၏ (၄ပင် ပတ်လည် ပျဉ်ခင်း၊ ၀ါးကပ်မိုး၊ ပျဉ်ကာ တစ်ထပ်) နေအိမ်များ၊ ဦးမောင်နိုင် ၏(၄ပင် ပတ်လည် သွပ်မိုး၊ အုတ်ခင်း နှစ်ထပ်) ဈေးဆိုင်နေအိမ်၊ ဦးတင်ပြောင် ၏ (၄ပင်ပတ်လည် သွပ်မိုး၊ ပျဉ်ခင်း၊ပျဉ်ကာ၊ တစ်ထပ်) နေအိမ်နှင့် (၃ပင် ၂ပင် ၀ါးကပ်မိုး၊ ထရံကာ) မီးဖိုဆောင်၊ ဦးတိုက်ကျော်နှင့်ဦးဆန်း တို့၏ (၃ပင် ပတ်လည် သွပ်မိုး၊ ထရံကာ )နွားစာတဲ စုစုပေါင်း နေအိမ် (၆)လုံး၊ မီးဖိုဆောင်(၁)လုံး၊ နွားစာတဲ (၂)လုံးတို့အား မီးလောင်ကျွမ်းခဲ့ရာ- ပျက်စီးဆုံးရုံးမှု တန်ဖိုးငွေကျပ် (၂၆၅၅၀၀၀ိ/-)ဖြစ်ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။
ယင်းမီးလောင်မှု သတင်းရရှိ၍ ဗဟင်းနယ်မြေရဲစခန်းမှ ရဲအုပ် ကျော်ငြိမ်း ဦးစီး (၂+၅)ဦး၊ မြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်သီဟ နှင့် တပ်ဖွဲ့ဝင် (၈)ဦး၊ မီးသတ်ယာဉ်(၂)စီးတို့ ရောက်ရှိကြပြီး ကျေးရွာပြည်သူများနှင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ညနေ ၆နာရီ မိနစ် ၂၀ တွင် လုံးဝ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု စတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင် ဒေါ်သန်းစိန်အား ဗဟင်းနယ်မြေရဲစခန်းမှ မီးပေါ့ဆ စွာ သုံးစွဲမှုဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
အောင်ကျော်မြင့်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြိုင်မြို့နယ် ဆူးဝင်းကျေးရွာအုပ်စု၊ ကျောက်ခွက်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:52
Rating:
