![]() |
သတ်ဖြတ်ခံရသူ ကိုတင်စိုးမြင့် ရုပ်အလောင်း(Facebook) |
ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က အဲဒီအမှုဖြစ်ပွားခဲ့တာဖြစ်ပြီး မေလ ၁၈ ရက်နေ့မှာ သေဆုံးသူရဲ့ ဇနီးဖြစ်သူက လူသတ်မှုနဲ့ လမိုင်းနယ်မြေရဲစခန်းကို လာရောက်တိုင်ကြားထားတာလို့ ရေးမြို့နယ် ရဲတပ်ဖွဲ့က ရဲမှူး မြင့်ဝင်းက ပြောပါတယ်။
"ဖြစ်စဉ်ကတော့ ၁၅ ရက် ၅ လ မှာဖြစ်တယ်၊ ရဲစခန်းတိုင်တာကတော့ ၁၈ ရက် ၅ လ မှာတိုင်တယ်၊ သေတဲ့ သူကတော့ တင်စိုးမြင့်၊ တိုင်တာကတော့ သူ့မိန်းမ ခင်ဆွေတင့် လမိုင်းနယ်မြေရဲစခန်းမှာ လာတိုင်တာ"
ကုလားဂုတ်ကျွန်းရွာက သေဆုံးသူ ကိုတင်စိုးမြင့်ဟာ ယောက္ခမဖြစ်သူနဲ့ စကားများရန်ဖြစ်ကြပြီး ကျေးရွာအုပ်ချုပ်ရေး မှူးကို တိုင်ကြားပေမယ့် မပြေလည်တဲ့အတွက် ယောက္ခမဖြစ်သူက ရေးမြို့နယ်အခြေစိုက် ခမရ ၅၇၈ တပ်မတော် တပ်စခန်းကို သွားရောက်တိုင်ကြားခဲ့တာပါ။
ခမရ ၅၇၈ တပ်ရင်းက ဗိုလ်ကြီးဖြစ်သူ အောင်ကိုကိုမင်းက ဦးတင်စိုးမြင့်ကို တပ်စခန်းကို ခေါ်ဆောင်သွားပြီး စစ်ဆေးမေး မြန်းရာကနေ သေနတ်နဲ့ ပစ်လိုက်တာဖြစ်တယ်လို့ ရဲမှူး မြင့်ဝင်းက အမှုဖြစ်စဉ်ကို ပြောပါတယ်။
သေဆုံးသူ ဦးတင်စိုးမြင့်ဟာ သေနတ်ဒဏ်ရာ ၄ ချက်နဲ့ အဲဒီတပ်စခန်းမှာ သေဆုံးခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်ဆွေတင့်က လမိုင်းနယ်မြေရဲစခန်းကို လူသတ်မှုနဲ့ အရေးယူပေးဖို့ တိုင်ကြားတာဖြစ်ပါတယ်။
တပ်မတော်ဘက်ကတော့ စစ်ဖက်ဆိုင်ရာ စစ်စည်းကမ်းဥပဒေအရ စစ်ဆေးအရေးယူမယ်ဆိုပြီး အဲဒီ ဗိုလ်ကြီးအဆင့်ရှိသူကို တပ်ရင်းမှာ ချုပ်နှောင်ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese
ရွာသားကို သေနတ်နဲ့ပစ်သူ တပ်မတော်အရာရှိတစ်ဦးကို အရေးယူ
Reviewed by THITHTOOLWIN
on
19:54
Rating:
