အိန္ဒိယနိုင်ငံမှာ မြွေကိုက်ခံထားရတဲ့ မိခင်ဖြစ်သူရဲ့နို့ကို သောက်သုံးတဲ့ ကလေးငယ်သေဆုံး


အိန္ဒိယနိုင်ငံမှာ မြွေကိုက်ခံထားရတဲ့ မိခင်ဖြစ်သူရဲ့နို့ကို သောက်သုံးတဲ့ ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အူတာပရာဒက်ရှ်ပြည်နယ်ရှိ အသက်(၃၅)နှစ်အရွယ် အမျိုးသမီးဟာ အိပ်ကျော်နေစဉ် သူ့ရဲ့နို့ကို မြွေပေါက်ခံလိုက်ရပါတယ်။

 သူဟာ နိုးလာတဲ့အချိန်မှာ နို့ကို မြွေပေါက်ခံထားရတာ မသိဘဲ (၃)နှစ်အရွယ်သမီးဖြစ်သူကို နို့တိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မိခင်ရော ကလေးပါ ဖျားနာလာတာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရာမှာ ဆေးရုံမရောက်ခင် နှစ်ဦးလုံး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

 စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပေမယ့် ရဲတပ်ဖွဲ့ဟာ ဒါဟာ မတော်တဆမှုကြောင့် သေဆုံးသွားရခြင်း ဖြစ်တယ်လို့ စာရင်းသွင်းလိုက်ကြောင်း CNA သတင်းမှာဖော်ပြထားပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews
အိန္ဒိယနိုင်ငံမှာ မြွေကိုက်ခံထားရတဲ့ မိခင်ဖြစ်သူရဲ့နို့ကို သောက်သုံးတဲ့ ကလေးငယ်သေဆုံး အိန္ဒိယနိုင်ငံမှာ မြွေကိုက်ခံထားရတဲ့ မိခင်ဖြစ်သူရဲ့နို့ကို သောက်သုံးတဲ့ ကလေးငယ်သေဆုံး Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.