လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များကြောင့် အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ရှေ့နေချုပ် ရာထူးမှ နုတ်ထွက်


    နယူးယောက် ၊ မေလ ၈ ရက်(ဆင်ဟွာ)

    အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ရှေ့နေချုပ် Eric Schneidermanကို အမျိုးသမီး ၄ ဦး က လိင်ပိုင်းဆိုင်ရာ ထိပါးကျူးလွန်မှုများရှိသည်ဟု စွပ်စွဲခဲ့ရာ ၄င်းက မေလ ၇ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

အသက် ၆၃ နှစ်အရွယ် Schneidermanက ထိုစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ယင်းစွပ်စွဲချက်များက ၄င်းအား အနှောင့်အယှက်စေဖြစ်ကြောင်း ၄င်း၏ ထိုနေ့ညတွင် ထုတ်ပြန်သည့် ကြေညာချက်၌ ရေးသားခဲ့သည်။

စွပ်စွဲထားသူအမျိုးသမီး ၄ ဦးသည် ထိုနေ့မနက်အစောပိုင်းက The New Yorker  မဂ္ဂဇင်းတွင် ထင်ထင် ပေါ်ပေါ်ပြောဆိုထားခြင်းဖြစ်ပါသည်။ထိုကိစ္စဖြစ်ပွားပြီး  နာရီပိုင်း အကြာတွင် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ၄င်းကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Schneidermanသည် အများပြည်သူအရှေ့တွင် အမျိုးသမီးအခွင့်အရေးကာကွယ်သူအဖြစ် ရေရှည် ရပ်တည်လာသူဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုများကို ဆန့်ကျင်သည့် “Me Too” လှုပ်ရှားမှုတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားသူဖြစ်သည့်အပြင် ၄င်းက လိင်ပိုင်းဆိုင်ရာစွပ်စွဲမှု ပေါင်း များစွာခံထားရသည့် ဟောလိဝုဒ် နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်း(Harvey Weinstein)၏ Weinsteinကုမ္ပဏီကိုလည်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ ခြောက်လှန့်ပြောကြားမှုနှင့် အသားအရောင် လူမျိုးခွဲခြားမှုတို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များကြောင့် အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ရှေ့နေချုပ် ရာထူးမှ နုတ်ထွက်  လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်များကြောင့် အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ရှေ့နေချုပ် ရာထူးမှ နုတ်ထွက် Reviewed by THITHTOOLWIN on 17:07 Rating: 5
Powered by Blogger.