![]() |
အီးယူ ကော်မရှင် ဥက္ကဌ ယွန်ကလော့ဒ် ယန်ကာ |
အီးယူ အဖွဲ့ရဲ့ ဥပဒေ အသက်သွင်းမှု လုပ်ငန်းစဉ်ဟာ ဒီကနေ့ ( မေလ ၁၈ ရက်၊ သောကြာနေ့မှာ) စတင် လာမယ်လို့ အီးယူ ကော်မရှင် ဥက္ကဌ ယွန်ကလော့ဒ် ယန်ကာက ပြောပါတယ်။
အီးယူ အဖွဲ့ အနေနဲ့ ဥရောပ ကုမ္ပဏီတွေ အပေါ် အကာအကွယ် ပေးရမယ့် ဝတ္တရား ရှိနေတယ် လို့လည်း သူက ဆိုပါတယ်။
ဥရောပ ကုမ္ပဏီတွေနဲ့ အီရန်ကြား ကုန်သွယ်ရေးဟာ တစ်နှစ်ကို ဒေါ်လာ ၂၃ ဘီလီယံလောက် အထိ ရှိနေပါတယ်။
![]() |
ဥရောပ ကုမ္ပဏီတွေနဲ့ အီရန်ကြား ကုန်သွယ်ရေးဟာ တစ်နှစ်ကို ဒေါ်လာ ၂၃ ဘီလီယံလောက် အထိ ရှိနေ |
ဒီလို ဥပဒေ အဆင်သင့် ရှိနေပေမယ့်၊ အခု အချိန်ကာလနဲ့ လျော်ညီအောင် ပြန်လည် သုံးသပ် ရမှာတွေ ရှိနေသေးသလို၊ ဒီဥပဒေကို လက်တွေ့မှာ တကယ်တမ်း မကျင့်သုံးဖူးသေးပါဘူး။
အီရန်သဘောတူ စာချုပ်နဲ့ နိုင်ငံတကာ အမြင်
ဥပဒေရဲ့ သဘောတရားကတော့ ဥရောပ ကုမ္ပဏီတွေ၊ တရားရုံးတွေ အနေနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို လိုက်နာဖို့ မလိုကြောင်း ရေးထားတာ ဖြစ်ပြီး၊ နိုင်ငံခြား တရားရုံးတွေရဲ့ အဆုံးအဖြတ်တွေ ကိုလည်း ဥရောပ ကုမ္ပဏီတွေ ပယ်ချနိုင်အောင် စီမံထားတာ ဖြစ်ပါတယ်။
အီရန်နဲ့ကြား ရယူထားတဲ့ နျူကလီယာ အရေး သဘောတူမှုထဲက အမေရိကန် နှုတ်ထွက် သွားပေမယ့်၊ အဲဒီ သဘောတူမှုကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ဥရောပ ခေါင်းဆောင်တွေ ကြိုးစား နေကြတာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
အီရန်နဲ့ ကုန်သွယ်ရေး မထိခိုက်ဖို့ အီးယူ ကြိုးစား
Reviewed by THITHTOOLWIN
on
09:13
Rating:
