![]() |
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်တို့ ဇနီးမောင်နှံ |
ရွေးကောက်ပွဲ အရှုံးက ပြန်နာလန်ထူဖို့ အားလပ်ရက် ခရီးသွားမယ်လို့ မစ္စတာ နာဂျစ် ကြေညာလိုက်ပြီးနောက် ခုလို ပိတ်ပင်ခံရတာ ဖြစ်ပါတယ်။
ကွာလာလမ်ပူနားက လေဆိပ် တခုမှာလည်း ဒေါသထွက်နေတဲ့ လူတစု ရောက်လာပြီး သူတို့ ဇနီးမောင်နှံ နိုင်ငံခြား ထွက်မသွားအောင် တားဖို့ စောင့်ဆိုင်းနေကြပါတယ်။
အင်ဒိုနီးရှားသွားဖို့ လေယာဉ်လက်မှတ်တွေ ဝယ်ထားတယ် ဆိုပြီး သတင်းထွက်လာတာပါ။
![]() |
လေဆိပ်မှာ သတင်းထောက်နဲ့ လူအုပ်တွေ စောင့်နေ |
နာဂျစ်မှာ အမှားအယွင်းမရှိဘူးဆိုပြီး အစိုးရဘက်က ဆုံးဖြတ်ခဲ့ပေမယ့် စုံစမ်းစစ်ဆေးရေး ပြန်လုပ်မယ်လို့ ဝန်ကြီးချုပ်သစ် ဒေါက်တာ မဟာသီယာက ပြောပါတယ်။
နာဂျစ်ကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချ ထားပါတယ်။
![]() |
ဖခင် အင်္ဂါနေ့ ပြန်လွတ်မယ် |
မစ္စတာ အန်နဝါဟာ လိင်တူ ဆက်ဆံမှုနဲ့ ထောင် ၅ နှစ် ကျနေတာ ဖြစ်ပြီး ဒါဟာ သူ့ကို နိုင်ငံရေးအရ နှိပ်ကွပ်တာလို့ အန်နဝါဘက်က ခုခံ ပြောကြားလေ့ ရှိပါတယ်။
အန်နဝါကို ဘုရင့်က လွတ်ငြိမ်းခွင့် ပေးဖို့ သဘောတူလိုက်ပြီလို့လည်း ဝန်ကြီးချုပ်သစ် မဟာသီယာက အာဏာ လွှဲပြောင်းပြီးပြီးချင်းမှာ ကြေညာ ခဲ့ပါတယ်။
အန်နဝါကို နောက် နှစ်နှစ် အကြာမှာ အာဏာလွှဲပေးမယ်လို့လည်း မဟာသီယာက ပြောကြားထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ် ပြည်ထွက်ခွင့်ပိတ်
Reviewed by THITHTOOLWIN
on
21:49
Rating:
