မြန်မာကိုလာမယ့် လိဒ်ယူနိုက်တက်အဖွဲ့မှာ ကွင်းလယ် ကစားသမား မလိုက်နိုင်

Leeds United အဖွဲ့က ကွင်းလယ်ကစားသမား Adam Forshaw (၀တ်စုံအဖြူ) ကို တွေ့ရစဉ်/ Photo: footballleagueworld.co.uk
မြန်မာနိုင်ငံမှာ ဒီရက်ထဲ ချစ်ကြည်ရေး ဘောလုံးလာကစားမယ့် ဗြိတိန်နိုင်ငံက Leeds United အဖွဲ့မှာ ကွင်းလယ်ကစားသမား အဒမ်ဖေါ်ရှော (Adam Forshaw) က တင်ပါးဆုံမှာ ဒဏ်ရာရထားတဲ့အတွက် မနိုင်တော့ဘူးလို့ အသင်းနည်းပြဆရာ ပေါလ် ဟက်ကင်ဘော့တွန် (Paul Heckingbottom) ကပြောလိုက်ပါတယ်။

ဒီသတင်းပတ်အစမှာ သူအဲဒီလိုဖြစ်သွားလို့ ဆေးထိုးပြီးအနားယူဖို့ လိုတဲ့အတွက် လိုက်မလာနိုင် တော့တာလို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာပြဿနာကြောင့် ချစ်ကြည်ရေးဘောလုံးပွဲ သွားမကန်သင့်ဘူးလို့ AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရော၊ ဗြိတိန်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေကပါ ဝေဖန်ထားပေမယ့် မြန်မာနိုင်ငံခရီးစဉ်ကို မဖျက်ဘူးလို့ Leeds United အဖွဲ့က ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကို မဖြစ်မနေလိုအပ်လို့သွားရမယ့် သူတွေကလွဲလို့ ကျန်တဲ့သူတွေမသွားကြဖို့ ဗြိတိန်နိုင်ငံခြားရေးဌာနက သူတို့နိုင်ငံသားတွေကို သတိပေးထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
မြန်မာကိုလာမယ့် လိဒ်ယူနိုက်တက်အဖွဲ့မှာ ကွင်းလယ် ကစားသမား မလိုက်နိုင် မြန်မာကိုလာမယ့် လိဒ်ယူနိုက်တက်အဖွဲ့မှာ ကွင်းလယ် ကစားသမား မလိုက်နိုင် Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.