![]() |
ဂျက်ဆင်မောင်နှမတွေထဲ အငယ်ဆုံး |
ကွယ်လွန်သူ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ ညီမ တော်စပ်သူလည်းဖြစ်၊ ကိုယ်တိုင်လည်း တေးရေး တေးဆို အဖြစ် နှစ်ပေါင်းများစွာ အောင်မြင်မှု ရခဲ့တဲ့ ဂျဲနက်ဂျက်ဆင်က #MeToo လှုပ်ရှားမှုကို ထောက်ခံကြောင်း ရပ်တည် ပြောဆို ခဲ့ပါတယ်။
#MeToo လှုပ်ရှားမှုဆိုတာ လိင်ပိုင်း ကျူးလွန် စော်ကားမှု၊ အနိုင်ကျင့်မှုတွေကို ကြုံတွေ့ ခံစား ခဲ့ရသူတွေက ထုတ်ဖော် ဝန်ခံလာပြီး၊ သူတို့ အပေါ် စာနာကြောင်းနဲ့ လိင်ပိုင်း ဆန့်ကျင်ကြောင်း ဆိုရှယ်မီဒီယာတွေပေါ် ကနေတဆင့် ဖော်ပြကြရင်းသား နိုင်ငံတကာနဲ့ချီ ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။
အမျိုးသမီးတွေ အနေနဲ့ ဘယ်သူ့ရဲ့ ချုပ်ကိုင်မှု၊ အမြတ်ထုတ်မှု၊ အနိုင်ကျင့်မှု မျိုးတွေကိုမှ လက်သင့် မခံတော့ကြောင်း ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြသနေကြတဲ့ ဂုဏ်ယူစဖွယ် ခေတ်ကြီးထဲ နေထိုင် နေကြရတာ ဖြစ်တယ်လို့ ဂျဲနက်က ပြောခဲ့ပါတယ်။
![]() |
ဘီလ်ဘော့ဒ်အိုင်ကွန်ဆု ရတဲ့ ပထမဆုံး လူမည်းအမျိုးသမီး အဆိုတော် |
အသက် ၅၂ နှစ် အရွယ် ဂျဲနက်ဟာ ဘီလ်ဘော့ဒ် ဂီတဆုပေးပွဲမှာ တစ်သက်တာ အမှတ်တရဆု သဘောမျိုးဖြစ်တဲ့ အိုင်ကွန်ဆု ရရှိတဲ့ ပထမဆုံး အမျိုးသမီး လူမည်း အဆိုတော် ဖြစ်ပါတယ်။
တခါ၊ လာ့စ်ဗေးဂတ်စ်မြို့မှာ ကျင်းပခဲ့တဲ့ အဲဒီ ဆုပေးပွဲမှာ စီစဉ် တင်ဆက်သူ တစ်ယောက် ဖြစ်တဲ့ ကယ်လီ ကလပ်ဆင်က တက္ကဆက်ပြည်နယ် ကျောင်းတွင်း သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စိတ်နှလုံး လှုပ်ရှားစဖွယ် ဝမ်းနည်းစကား ပြောခဲ့ပါတယ်။
![]() |
ဝမ်းနည်းကြောင်း ငြိမ်သက်ရုံ ငြိမ်သက်မနေဖို့ ကယ်လီပြော |
ဆန်တာဖီ အထက်တန်းကျောင်းမှာ ၁၇ နှစ်သား တစ်ယောက်က အခန်းဖော်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့မှု ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့ပြီး၊ လူ ၁ဝ ယောက်ထိ သေဆုံး ခဲ့ရပါတယ်။
![]() |
ဂစ်တာငယ်တစ်လက်နဲ့ သိမ်းပိုက်သူ |
BBC Burmese
http://www.bbc.com/burmese
ဂီတထူးချွန်ဆုရတဲ့ ဂျဲနက် ဘာတွေ ပြောခဲ့လဲ
Reviewed by THITHTOOLWIN
on
17:53
Rating:
