![]() |
ရုရှားသမ္မတ Vladimir Putin (ဝဲ) နှင့် ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရုရှားနိုင်ငံ၊ မော်စကိုမြို့၌တွေ့ဆုံကြစဉ်။ (မေ ၂၆၊ ၂၀၁၈) |
မြောက်ပိုင်း နယ်များလို့ ဂျပန်ဘက်က အမည်ပေးထားတဲ့ Kuril ကျွန်းစုတွေရဲ့တောင်ပိုင်း အကျဆုံး လေးကျွန်းလုံးရဲ့ ဗဟိုချက်မတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုကို ဖြေရှင်းရေး နည်းလမ်း ရှာဖွေဖို့အတွက် ဂျပန်ဝန်ကြီးချုပ် Abe က ဖိအားပေးနေခဲ့တာပါ။ ဒီကျွန်းတွေကို ဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့နီးအချိန်မှာ ရုရှားဘက်က သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့ပေမယ့် ရုရှားနဲ့ ဂျပန် နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသေးပါဘူး။
နှစ်နိုင်ငံ အငြင်းပွားနေမှုကို ဖြေရှင်းနိုင်ရေး တွန်းအားပေးတဲ့အနေနဲ့ ဂျပန်ဘက်ကတော့ Kuril ကျွန်းစုမှာ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်တဲ့ စီမံကိန်းတွေ အကောင်အထည်ဖေါ်ဖို့ နည်းလမ်းရှာဖွေနေပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
ကမ္ဘာစစ်ပြီး အငြင်းပွါးနယ်မြေ ကိစ္စ ရုရှား-ဂျပန်ဆွေးနွေး
Reviewed by THITHTOOLWIN
on
11:27
Rating:
