မဲဆောက်မြို့ တွင် နေထိုင်နေသူ မြန်မာအမျိုးသမီးတဦး ထိုင်းဘတ်ငွေ ကိုးသန်းနှင့်အတူ အဖမ်းခံရ


မေလ ၁၅ရက်နေ့ က ထိုင်းနိုင်ငံမဲဆောက်မြို့ နယ်အတွင်းက နေအိမ်တအိမ်ကို မူးယစ်နိမ်နင်းအဖွဲ့ နဲ့  နယ်မြေရဲတွေ ၀င်ရောက်ရှာဖွေခဲ့ရာမှာ မြန်မာနိုင်ငံသူ (မဌေး ဟု သိရ) နဲ့ အမျိုးသားတဦး နေထိုင်နေတဲ့ အိမ်ခန်းအတွင်းမှာ ထိုင်းဘတ်ငွေ (၉ )သန်းနဲ့ ရွှေငွေရတနာတွေကို တွေ့ ရှိုပြီး ထိမ်းသိမ်းစစ်ဆေးနေတယ်လို့  သိရပါတယ်။

ထိုင်းမှတ်ပုံတင်ကိုင်ထားတဲ့ မြန်မာနိုင်ငံသူ မဌေးရဲ့ နေအိမ်ကို ထိုင်းတောင်ပိုင်းဒေသ ပြည်နယ်အထူးတပ်ဖွဲ့ ရဲ့  အမိန့် နဲ့  ဆင်းလာတဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့ တွေက တိုက်ရိုက် ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။


သတင်းတွေမှာ ဖေါ်ပြနေတာကတော့ ထိုင်းမြောက်ပိုင်း မယ်ဆိုင်နဲ့ တာချီလိတ်မြို့  တွေက မူးယစ်ရာဇာတွေရဲ့  ငွေကြေးတွေကို လက်ခံပြီး ဘဏ်စာရင်းဖွင့်ပေးနေသူတွေကို ဖမ်းဆီးလိုက်ရာမှာ အဆိုပါ ငွေမဲလက်ခံ ငွေလွဲပေးသူတွေရဲ့  ကွင်းဆက်အရ အထက်ကနေ ဆင်းလာပြီးဖမ်းဆီးလိုက်တာလို့  ဆိုပါတယ်။

မဲဆောက်မြို့က ငွေလွဲပေးနေသူတွေအနေနဲ့  တရားမ၀င် ငွေတွေကို လွဲပေးမိသူ သိရက်နဲ့ အခေကြေးငွေယူပြီး ဘဏ်အကောင့်ဖွင့်ပေးထားသူတွေ ဆက်တိုက်စစ်ဆေး ခံရနိုင်ပါတယ်။

Social Action for Children and Women - SAW
မဲဆောက်မြို့ တွင် နေထိုင်နေသူ မြန်မာအမျိုးသမီးတဦး ထိုင်းဘတ်ငွေ ကိုးသန်းနှင့်အတူ အဖမ်းခံရ မဲဆောက်မြို့ တွင် နေထိုင်နေသူ မြန်မာအမျိုးသမီးတဦး ထိုင်းဘတ်ငွေ ကိုးသန်းနှင့်အတူ အဖမ်းခံရ Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.