![]() |
မိုက်ပွန်ပေယိုနဲ့ ဗိုလ်ချုပ် ကင်ယန္ချိုးတို့ဟာ နယူးယောက် ကုလသမဂ္ဂအဆောက်အအုံ အနီးအနားက သီးသန့်အဆောက်အအုံ တခုမှာ တွေ့ဆုံခဲ့တာ ဖြစ် |
တရုတ်နိုင်ငံကနေ တဆင့် လေကြောင်းနဲ့ ရောက်ရှိလာတဲ့ ကင်ယန်ချိုးဟာ မစ္စတာ ပွန်ပေယိုနဲ့ ညစာအတူသုံးဆောင်ခဲ့ပြီး သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲအကြောင်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ အတွင်း အမေရိကန်ကို ရောက်လာတဲ့ အဆင့်အမြင့်ဆုံး မြောက်ကိုရီးယား ကိုယ်စားလှယ် ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လာမယ့် ဇွန် ၁၂ မှာ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နှစ်ဘက်စလုံးက ဆွေးနွေးပွဲကို မူလစီစဉ်တဲ့အတိုင်း ပြန်လုပ်နိုင်ဖို့ တဖန်ပြန် ကြိုးစားလာခဲ့ပါတယ်။
မူလစီစဉ်ထားတဲ့အတိုင်းသာ စင်္ကာပူမှာ လုပ်တဲ့ ဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့မယ်ဆိုရင်တော့ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေအကြား ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် သမိုင်းဝင်ဆွေးနွေးပွဲ ဖြစ်လာမှာပါ။
မစ္စတာ မိုက်ပွန်ပေယိုနဲ့ ဗိုလ်ချုပ် ကင်ယန်ချိုးတို့ဟာ နယူးယောက်ခ့်က ကုလသမဂ္ဂအဆောက်အအုံ အနီးအနားက သီးသန့်အဆောက်အအုံ တခုမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မကြာခင်မှာပဲ အကင် ၊ ပြောင်းဖူးနဲ့ ချိစ်အပါအဝင် ကင်ယန်ချိုးနဲ့ ညစာစားပွဲက တော်တော်အဆင်ပြေတယ်လို့ မိုက်ပွန်ပေယိုက သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
မြောက်ကိုရီးယား နျူကလီးယားလျှော့ချမှုဟာ လစ်ဗျားနဲ့ တူတယ်ဆိုတဲ့ ထရန့်အစိုးရ အဖွဲ့ဝင်တွေရဲ့ နှိုင်းယှဉ်ပြောဆိုချက်ကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ကန့်ကွက်ထားခဲ့တာပါ။
လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီရဲ့ နျူကလီးယား လုပ်ငန်းစဉ် အပေါ် အလျှော့ပေးခဲ့မှုဟာ သူ့ကိုယ်တိုင် အနောက်အုပ်စုက ထောက်ပံ့ပေးထားတဲ့ သူပုန်တွေရဲ့ သတ်ဖြတ်ခံရမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်နိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ဟောင်းနဲ့ တောင်မြောက်နယ်စပ်က ပန်မွန်ဂျုံမှာ ဆက်လက်တွေ့ဆုံနေပါတယ်။
BBC Burmese
http://www.bbc.com/burmese
မြောက်ကိုရီးယား ကိုယ်စားလှယ်နဲ့ ကန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ
Reviewed by THITHTOOLWIN
on
20:51
Rating:
