မိုးကုတ်မြို့နယ် ကျပ်ပြင်နယ်မြေရဲစခန်းအပိုင်မှ မိးသားစု (၄)ဦး သတ်သည့် တရားခံများအနက် (၇)ဦး ဖမ်းဆီးရမိ


မိုးကုတ် မေ ၂၉

မိုးကုတ်မြို့နယ် ကျပ်ပြင်နယ်မြေရဲစခန်းအပိုင် စိန်အင်ကျေးရွာတွင် မိသားစု ၄ ဦးအား သတ်ဖြတ်ခဲ့သော ဖြစ်စဉ်နှင့် ပတ်သတ်၍ ၂၀၁၈ မေ ၂၈ရက်နေ့ ခေါ်ယူစစ်ဆေးရာမှ လူသတ်မှု ပေါ်ပေါက်ခဲ့သည်ဟု ကျပ်ပြင်နယ်မြေ ရဲစခန်းမှ စုံစမ်းသိရှိရပါသည်။


ဖမ်းဆီးရမိသူ ဦးဒွဲလှ အပါအဝင် (၇)ဦးတို့တွင် အောင်ပဒါန်းကျေးရွာမှ ရေပေးဝေရေး ကော်မတီဝင်များဖြစ်ပြီး။ ရေစီး/ရေထွက်ရာ နေရာ၌ သစ်ပင်များ မခုတ်ရန်နှင့် တောင်ယာများ မီးမတိုက်ရန် သေးဆုံးသူအား တားမြစ်ရာမှတစ်ဆင့် စကားများရန်ဖြစ်၍ လူသတ်မှုဖြစ်ပွားည်ဟု ကနဦး ထွက်ဆိုချက် သိရှိရပါသည်။

မိသားစု (၄)ဦးအား သတ်သည့်တွင် နောက်ထပ် ပါဝင်သူများအား မိုးကုတ်မြို့နယ် ရဲမှူး မင်းခိုင် ဦးစီး၍ ဒုရဲမှူး အောင်မင်းတို့အဖွဲ့ အခင်းဖြစ်ပွားနေရာသို့ သွားရောက်ဖမ်းဆီး လျှက်ရှိသည်။

ထိုနောက် မိုးကုတ်မြို့နယ် ရဲမှူး မင်းခိုင်အား ဆက်သွယ် မေးမြန်ရာ တရားခံတချို့တော့ ဖမ်းဆီးရမိပြီ။ 80%အောင်မြင်ပြီ။ ၎င်းတို့ သတ်သည်ဟုလဲ ဝန်ခံပြီး ဆက်လက်၍ ကွင်းဆက်များ ဖော်ထုတ်နေ၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပေးမည်ဟု ပြောကြားသည်။

ဘယ်သူက ဘယ်သူကိုသတ်သည်။ ဘယ်သူက အားပေး အားမြှောက်ပြုလုပ်သည်ကို အသေးစိတ် စစ်ဆေးမှု မပြုလုပ်ရသေးဖြစ်၍ မနက်ဖြန်မှ အသေးစိတ်သိရမည်ဟု ကျပ်ပြင်နယ်မြေရဲစခန်း တာဝန်ကျ ဒုရဲအုပ်ကျော်ဆန်းဝင်းမှ မေးမြန်းမှုကို ဖြေကြားသည်။

ဓါတ်ပုံ - မိုးကုတ် ၄ လောင်းပြိုင်လူသတ်မူ့မှ တရားခံများ
သာခိုင်(တံမြက်စည်း)
https://www.facebook.com/RGBNaws
မိုးကုတ်မြို့နယ် ကျပ်ပြင်နယ်မြေရဲစခန်းအပိုင်မှ မိးသားစု (၄)ဦး သတ်သည့် တရားခံများအနက် (၇)ဦး ဖမ်းဆီးရမိ မိုးကုတ်မြို့နယ် ကျပ်ပြင်နယ်မြေရဲစခန်းအပိုင်မှ မိးသားစု (၄)ဦး သတ်သည့် တရားခံများအနက် (၇)ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.