မြစ်ကြီးနားမြို့ ၊ မနောကွင်းအတွင်းရှိ ဟန်းမားအားကစားရုံ ရှေ့တွင် ရပ်တန့်ထားသော ကလစ်ဆိုင်ကယ်တစ်စီးအား ခိုးယူရန် ကြိုးပမ်းနေသော တပ်မတော်သားတစ်ဦးအား အဆိုပါအားကစားရုံ ပိုင်ရှင်မှ လုံးထွေးဖမ်ဆီးခဲ့သော ဖြစ်စဉ်တစ်ခု မေလ ၁၂ ရက်နေ့ ညနေ ၅နာရီ ၄၀မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။
''ကျနော် သူစိမ်း ၂ယောက်တွေ့လို့ ပြတင်းပေါက်ကနေကြည့်နေတုန်း ဆိုင်ကယ်ပေါ်မှာ ချိတ်ထားတဲ့ ထမင်းချိုင့်ကို အရင်ယူပြီး ဟိုကြည့်ဒီကြည့်လုပ် ဆိုင်ကယ်ဇက်သော့ချိုးပြီး ခိုးဖို့ပြင်လိုက်တော့ ကျနော်လည်း တစ်ခါတည်း ပြတင်းပေါက်ကနေ ခုန်ထွက်ပြီး နဘန်းလုံးပြီးဖမ်းလိုက်တာ တစ်ယောက်ကတော့ ထွက်ပြေးသွားတယ် ''ဟု အဆိုပါ အားကစားရုံပိုင်ရှင်က ပြောသည်။
ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ ဆိုင်ကယ်ခိုးရန်ပြင်ဆင်နေသော တပ်မတော်သားမှာ စရ (၉၀၁) စစ်အင်ဂျင်နီယာတပ်ရင်းမှ ကိုယ်ပိုင်အမှတ် တ-၄၇၅၅၄၆ တပ်သား ရဲကို (အသက် ၂၈နှစ်)
ဖြစ်ကြောင်း သိရသည်။
မနောကွင်းအတွင်းရှိ အဆိုပါအားကစားရုံ ၊ လုံဂါပါစားသောက်ဆိုင် ၊ ကချင်အနုပညာရှင်များအသင်းရုံးတွင် ဆိုင်ကယ်များ ပျောက်နေကြောင်း ပြည်သူများမှဆိုသည်။
အဆိုပါ တပ်မတော်သားအား ရဲတပ်ဖွဲ့မှ အမှတ် (၁)ရဲစခန်းသို့ ခေါ်ဆောင်သွားပြီ ဖြစ်သည်။
ZRH
The Kachin Times
https://www.facebook.com/KachinTimes.kcn
ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းနေသော တပ်မတော်သားကို ပြည်သူတစ်ဦး လုံးထွေးဖမ်းဆီးခဲ့
Reviewed by THITHTOOLWIN
on
07:39
Rating:
