မြောင်းမြမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးလင်မယားဓားခုတ်ခံရ


မြောင်းမြ၊ မေ ၁၁ ။

ယနေ့( မေ ၁၁) ည ၁၀ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာအနောက်ဘက်၊ ဆားမလောက်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးလင်မယားဓားဖြင့်ခုတ်ခံရကြောင်းမြောင်းမြမြို့မရဲစခန်းမှတာဝန်ကျရဲဝန်ထမ်းတစ်ဦးကAHN သို့ပြောသည်။

“ရွာထဲမှာ ဓားကိုင်ရမ်းနေတဲ့ သူတစ်ယောက်ကို အုပ်ချုပ်ရေးမှူးနဲ့ သူ့ဇနီးက သွားရောက်တားမြစ်တာပါ။အဲဒီလိုတားမြစ်တာကိုလက်မခံဘဲ ဓားကိုင်သူက အုပ်ချုပ်ရေးမှူးလင်မယားကို ဓားနဲ့ခုတ်တာပါ။ မစိုးရိမ်ရပါဘူး “ ဟု ၄င်းကပြောသည်။

အုပ်ချုပ်ရေးမှူး၏ ဇနီးဘယ်ဘက်လက်ကို ဓားဖြင့်ခုတ်မိကြောင်း ဓားခုတ်ခံရသူများကို မြောင်းမြဆေးရုံသို့သွားရောက်ခေါ်ဆောင်ခဲ့သည့် မြောင်းမြမြို့ ကရုဏာရှင်လူမှုကူညီရေးအသင်းမှ ကိုကျော်သူရကပြောသည်။

“အုပ်ချုပ်ရေးမှူးကတော့ ခေါင်းနည်းနည်းထိတယ်။ နှစ်ယောက်စလုံး မစိုးရိမ်ရပါဘူး” ဟု ၄င်းကပြောသည်။

တရားခံဖြစ်သူကိုသွားရောက်ဖမ်းဆီးနေကြောင်း မြောင်းမြမြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ယနေ့ည ၁၁ နာရီတွင်ပြောသည်။

ရဝေမောင်(AHN –MM)
PHOTO -KTY
The Asia Heart News
မြောင်းမြမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးလင်မယားဓားခုတ်ခံရ မြောင်းမြမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးလင်မယားဓားခုတ်ခံရ Reviewed by THITHTOOLWIN on 10:10 Rating: 5
Powered by Blogger.