![]() |
ဝန်ကြီးဒေါက်တာကျော်ဝင်း |
ဦးကျော်ဝင်းကို အဂတိလိုက်စားမှု နဲ့ တိုင်ကြားခံ ထားရတဲ့အတွက် စစ်ဆေးနေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က မေလ ၂၃ ရက်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ ပြောဆိုခဲ့ပါတယ်။
အဂတိလိုက်စားကြောင်း တိုင်ကြားစာကို မေလ ၃ ရက်နေ့က ရပြီး ၄ ရက်အကြာမှာ စစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးခဲ့ပြီး အပြစ်ရှိမရှိ မထုတ်ပြန်နိုင်သေးပေမယ့် စစ်ဆေးမှု ရလဒ်ကို နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ အသီးသီးထံ အမြန်ဆုံး တင်ပြသွားမှာဖြစ်တယ်လို့ အဲဒီအချိန်က ဦးအောင်ကြည်က နေပြည်တော်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေဆိုခဲ့ပါတယ်။
ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းရဲ့ နေပြည်တော်နဲ့ ရန်ကုန်မှာရှိတဲ့ နေအိမ်တွေကို အထူးစုံစမ်း စစ်ဆေးရေးဌာနက ဝင်ရောက် စစ်ဆေးတာတွေ ရှိတယ်လို့ ပြီးခဲ့တဲ့ အပတ်ကတည်းက သတင်းတွေ ထွက်ပေါ် နေခဲ့တာလည်း ဖြစ်ပါတယ်။
ဒေါက်တာကျော်ဝင်းလို့လည်း သိတဲ့ ဦးကျော်ဝင်းဟာ ဒဂုံမြို့သစ် ( ဆိပ်ကမ်း ) မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်ပါတယ်။
သူ ဝန်ကြီးရာထူးလက်ခံစက သူရထားတဲ့ ပါရဂူဘွဲ့နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
သမ္မတသစ် ဦးဝင်းမြင့် လက်ထက် ပထမဆုံး အကြိမ် ရာထူးက ထွက်တဲ့ ပြည်ထောင်စု ဝန်ကြီးလည်း ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဝန်ကြီး ဦးကျော်ဝင်းကို ထွက်ခွင့်ပြု
Reviewed by THITHTOOLWIN
on
21:11
Rating:
