ဝန်ကြီးချုပ်ဟောင်း နာဂျစ် နဲ့ ဆက်စပ်နေတဲ့ ကွန်ဒို မှ ရာချီတဲ့ လက်ကိုင်တွေ ငွေအမြောက်အများနဲ့ ကျောက်မျက်ရတာတွေ ဖမ်းဆီး သိမ်းဆည်း
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်နဲ့ ဆက်စပ်နေတဲ့ ကွန်ဒိုအခန်း တခုကနေ ဒီဇိုင်းနာ လက်ကိုင်အိတ်တွေ ထည့်ထားတဲ့ သေတ္တာပေါင်း ၂၈၄ ခု ၊ ငွေစက္ကူနဲ့ ကျောက်မျက်ရတာနာတွေ ထည့်ထားတဲ့ အိတ်ပေါင်း တစ်ဒါဇင်ကို မေလ ၁၈ ရက် သောကြာနေ့ မနက်ပိုင်းက သိမ်းဆည်းရရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်းအိမ်တွေကို ဝင်ရောက်ရှာဖွေတဲ့ ရဲတပ်ဖွဲ့ ခေါင်းဆောင် အာမာ ရှားက “အခုသိမ်းဆည်းရရှိတဲ့ ပစ္စည်းတွေက များပြားလွန်းတဲ့အတွက် ကာလတန်ဖိုးကို ချက်ချင်းတွက်ချက်လို့ မရကြောင်း" သတင်းထောက်တွေကို ပြောပါတယ်။
သိမ်းဆည်းရရှိတဲ့ ပစ္စည်းတွေထဲမှာ မလေးရှားငွေ ရင်းဂစ်၊ အမေရိကန်ဒေါ်လာ၊ လက်ပတ်နာရီတွေ နဲ့ ကျောက်မျက်ရတနာတွေ ထည့်ထားတဲ့ အိတ်ပေါင်း ၇၂ အိတ်နှင့်အတူ Hermes and Louis Vuitton တံဆိပ် လက်ကိုင်အိတ်တွေ ပါဝင်ကြောင်း ရှား က ဆက်ပြောပါတယ်။ သိမ်းဆည်းရရှိတဲ့ ပစ္စည်းတွေထဲမှာ ရွှေချောင်းတွေပါတယ်လို့ သတင်းဌာနတစ်ခုက ရေးသားထားချက်အပေါ်မှာ တစုံတရာ တုန့်ပြန်ပြောခြင်း မရှိပါဘူး။
အခုလို ဝန်ကြီးချုပ်ဟောင်း နာဂျစ် နဲ့ ဆက်စပ်နေတဲ့ နေရာတွေကို ဝင်ရောက်ရှာဖွေနေတာဟာ နာဂျစ်တည်ထောင်ထားတဲ့ မလေးရှားဖွံ့ဖြိုးရေးအသင်းရဲ့ ရံပုံငွေ (1MDB) မှာ ငွေကြေးအလွဲသုံးစားမှုနဲ့ ဆက်စပ်နေတယ်လို့တော့ အဖွဲ့ခေါင်းဆောင် ရှားက အတည်ပြုပြောကြားပါတယ်။
အသစ်တက်လာတဲ့ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဝန်ကြီးချုပ်ဟောင်း နာဂျစ် နဲ့ သူ့မိန်းမ ကို မလေးရှားနိုင်ငံကနေ ထွက်ခွာခွင့် ပိတ်ထားပါတယ်။ အမေရိကန်အပါအဝင် အနည်းဆုံး နိုင်ငံ ၆ နိုင်ငံမှ (1MDB) အရှုပ်တော်ပုံနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်နေပါတယ်။ ဒါပေမယ့် နာဂျစ်ကတော့ သူ အမှားမလုပ်ဖူးလို့ ငြင်းဆိုနေဆဲဖြစ်ပါတယ်။
MDN.
ကိုးကား- CNA
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဝန်ကြီးချုပ်ဟောင်း နာဂျစ် နဲ့ ဆက်စပ်နေတဲ့ ကွန်ဒို မှ ရာချီတဲ့ လက်ကိုင်တွေ ငွေအမြောက်အများနဲ့ ကျောက်မျက်ရတာတွေ ဖမ်းဆီး သိမ်းဆည်း
Reviewed by THITHTOOLWIN
on
20:25
Rating:
