ဥပုသ်လမို့ အိန္ဒိယက ကက်ရှမီးယားဒေသမှာ တလ အပစ်ရပ်စဲမည်


ပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့ အိန္ဒိယပိုင် ကက်ရှမီးယားဒေသအတွင်း ခွဲထွက်ရေးသူပုန်များကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးများကို မွတ်စလင်တို့ရဲ့ Ramadan ဥပုသ်လအတွင်း တလရပ်ထားမှာဖြစ်တယ်လို့ အိန္ဒိယစစ်တပ်က ကြေညာပါတယ်။

အိန္ဒိယပိုင် ကက်ရှမီးယားဒေသဟာ မွတ်စလင်အများစုနေထိုင်တဲ့ဒေသဖြစ်ပြီး အခုလိုစစ်ဆင်ရေးများကို တလရပ်တန့်ထားမယ်ဆိုတာဟာ နှစ်ပေါင်း ၂၀ အတွင်း ရှားရှားပါးပါးပြုလုပ်ပေးတာဖြစ်ပါတယ်။ အဲဒီဒေသမှာ အိန္ဒိယစစ်သည် ၅ သိန်းလောက်ရှိပြီး ပါကစ္စတန်နဲ့ နယ်ချင်းဆက်စပ်နေပြီး စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။

အိန္ဒိယစစ်သည်တွေအနေနဲ့ ဥပုသ်လအတွင်း စစ်သွေးကြွများကို တအိမ်တက်ဆင်း ရှာဖွေရေးလုပ်နေတာကိုလည်း ရပ်ထားမှာဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယဘက်က စစ်ဆင်ရေးများ ရပ်တန့်ထားချိန်မှာ တဘက်က တိုက်ခိုက်မှုတွေရှိလာခဲ့ရင်တော့ တန်ပြန်တိုက်ခိုက်မှာဖြစ်တယ်လို့ အိန္ဒိယစစ်တပ်က အရာရှိတဦးကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဥပုသ်လမို့ အိန္ဒိယက ကက်ရှမီးယားဒေသမှာ တလ အပစ်ရပ်စဲမည် ဥပုသ်လမို့ အိန္ဒိယက ကက်ရှမီးယားဒေသမှာ တလ အပစ်ရပ်စဲမည် Reviewed by THITHTOOLWIN on 11:35 Rating: 5
Powered by Blogger.